Views
ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခံစခန်းကို ဖေဖော်ဝါရီလ ၂၆ ရက်ကတည်းက KIAနှင့် အကြမ်းဖက် ပူးပေါင်းအဖွဲ့များ နေ့စဉ်လာရောက်တိုက်ခိုက်လျက်ရှိရာ မတ်လ ၃ ရက်နေ့မှာ KIAနှင့် အကြမ်းဖက် ပူးပေါင်းအင်အား ၁၅ ဦးခန့်က လက်နက်ကြီး/ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ-
(၁) KIA အကြမ်းဖက် ၁၀ လောင်း
(၂) လက်နက် ၈ လက်
(၃) ကျည်အိမ် ၈ ခု
(၄) ကျည် ၁၀၀ တောင့်
(၅) အိုင်ကွန် ၁ လုံး သိမ်းဆည်းရမိခဲ့ပါတယ်။
-
တာမခံစခန်းသို့ စစ်ကူပေးရန် ချီတက်လာသည့် တပ်မတော်စစ်ကြောင်းအား ဆည်ဇင်းစခန်း၏ အရှေ့မြောက်ဘက်သို့အရောက် KIA နှင့် PDF အကြမ်းဖက် ၁၅ ဦးက ပစ်ခတ်သဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့။
-
အဆိုပါဖြစ်စဉ်တွင်- လက်လုပ်သေနတ် ၁ လက်၊ ကျည် ၁၈ တောင့်၊ တစ်ယောက်ပစ်ကျင်း ၁၈ ကျင်းတို့အား တွေ့ရှိ သိမ်းဆည်းခဲ့။
(အလောင်း လက်နက် မှတ်တမ်းဓာတ်ပုံများ ရရှိပါက ထပ်မံတင်ပေးပါမည်။)
#တိုက်ပွဲသတင်းစုံ