အမေရိကန်ယိမ်း တရုတ်တပည့် KIA နဲ့ တရုတ်ယိမ်း အမေရိကန်တပည့် NUG ပူစီပေါင်းဆက်ဆံရေး (အပိုင်း ၂)

Views


အနီးစပ်ဆုံးဥပမာပြရရင်တော့ တရုတ်ကို မှီခိုအားထားနေရတဲ့ တရုတ်နယ်စပ်က KIA ဟာ အမေရိကန်တပည့် NUG အဖွဲ့နဲ့ နိုင်ငံရေးအရ ပူးပေါင်းသလို ပုံဖော်ပြီး ပေါ်ပေါ်တင်တင်ပဲ စစ်ရေးပူးပေါင်းမှုတွေ လုပ်လာနေပါတယ်။

-

NUG ဆိုတာ မြန်မာနိုင်ငံရေးကို ချုပ်ကိုင်နိုင်ဖို့ အမေရိကန်မွေးထားတဲ့ မျောက်ဖြစ်ပြီး အမေရိကန်က NDAA ဘတ်ဂျက်နဲ့ NUG ကို ကမ္ဘာသိစစ်ရေးအကူအညီပေးထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

-

KIA က တိုက်လို့ရတဲ့ မြန်မာ့တပ်မတော်စခန်းတွေကို NUG က ငမူးရည်မွန်ကို လိုက်လံရှင်းလင်းပြသ မှုတွေအရ အမေရိကန်ရဲ့ စစ်ရေးထောက်ပံ့ငွေကို NUG ကတစ်ဆင့် KIA ရယူပြီး တိုက်ကွက်ဖော်ခဲ့တယ် လို့လည်း အချို့စစ်ရေးလေ့လာသူတွေက သုံးသပ်ဖော်ပြနေကြပါတယ်။

-

တရုတ်နဲ့ အမေရိကန်ကြားမှာ ခွစားချင်တဲ့ KIA က NUG နဲ့ ပေါ်ပေါ်တင်တင် ဆက်ဆံပြပြီး သူ့နယ်မြေ တရုတ်နယ်စပ်မှာ အမေရိကန် Cell NUG အဖွဲ့ လှုပ်ရှားခွင့်ပြုခြင်းကို တရုတ်လက်ခံမလားဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။

-

တစ်နည်းအားဖြင့် တရုတ်ကို လုံးဝပစ်ပယ်လို့မရတဲ့ KIA အဖွဲ့အနေဖြင့် အမေရိကန်တပည့် NUG နဲ့ တရုတ်နယ်စပ်မှာ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းမှုတွေ လုပ်နေခြင်းဟာ တရုတ်တပည့် KIA က အမေရိကန်တပည့် NUG ကိုဖိတ်ခေါ်ခဲ့လို့ KIA က အမေရိကန်ဘက် ယိမ်းသွားပြီလားလို့ ယူဆရ မလိုဖြစ်နေပါတယ်။

-

အမေရိကန်တပည့် NUG ကလည်း တရုတ်တပည့် KIA နယ်မြေထဲမှာ ပေါ်ပေါ်တင်တင် ရုပ်လုံးပြခဲ့လို့ NUG က တရုတ်ကို ယိမ်းနေတဲ့ သဘောသက်ရောက်ပါတယ်။

-

သူတို့သာ အာဏာရလာရင် တရုတ်နဲ့ ပူးပေါင်းပါမယ်လို့ NUG က လေသံပစ်ပြီး တစ်ပြိုင်နက်…. တရုတ်နယ်စပ်က KIA၊ MNDAA တို့နဲ့ နိုင်ငံရေးအရ သာမက စစ်ရေးပူးပေါင်းမှုလုပ်နေခြင်းပဲဖြစ်ပါတယ်။

-

ဆရာကြီး ၂ ယောက်က ပါဝါခြင်းအားပြိုင်နေပြီး ရန်ဘက်အသွင်ဆောင်နေလို့ တပည့် ၂ ယောက် ပူးပေါင်းတာကို ဆရာကြီး ၂ ယောက်လုံးကတော့ လက်ခံမယ်လို့ မထင်ပါဘူး။

-

ဒါ့ကြောင့် KIA နဲ့ NUG ပူးပေါင်းမှုဟာ ပူစီပေါင်းဆက်ဆံရေးဖြစ်ပြီး အထိမခံသလို ရေရှည်မှာ လေလျော့ပျက်ပြယ်သွားမယ့် ပူးပေါင်းမှုဖြစ်မယ်ဆိုတာ ဧကန်မလွဲဖြစ်ပါတယ်။

Post a Comment

Previous Post Next Post