Views
စစ်ရေးတွေ အမုန်းတရားတွေ အငြိုးအတေးတွေဖယ်ပြီး Geo Political ကို ကြည့်လိုက်၊ အဖြေရဖို့ တရုတ်ပိုက်လိုင်းနဲ့ OBOR ကြည့်လိုက်။
-
ဦးသိန်းစိန်မြစ်ဆုံရပ်ပြီး တရုတ်နဲ့ အဆင်မပြေတော့ဘူး။ FDI တန့်သွားတယ်။ ဒေါ်စုတက်လာတော့လည်း အမေရိကန်ကူညီမယ်အထင်နဲ့ တရုတ်ကိုကန်ပေမဲ့ အမေရိကန်ကလည်း မကူညီတဲ့အဆုံးမှာ ဒေါ်စုက OBOR ၃၃ ခုကို တရုတ်ပြေးကပ်ပြီး ဘာဆန်းစစ်မှုမှမလုပ်ဘဲ သဘောတူလိုက်တော့ ရှီကျင့်ဖျင် ဝမ်းသာအားရ ပြေးလာပြီး လက်မှတ်ထိုးတယ်။ ဒီနေရာမှာ တခြားနိုင်ငံရဲ့ခေါင်းဆောင်ဆို ဘီလျံပေါင်းများစွာ အကူအညီ ရနိုင်ပေမဲ့ ဒေါ်စုကတော့ မာနခံနေပြီး မတတ်သာလို့ လိုက်လျောရတယ်အချိုး ချိုးလိုက်လို့ ရှီက ဘာမှကူညီ မပေးဘဲ ပြန်သွားတယ်။ စီမံကိန်း ၃၃ ခု အောက်ကျို့ပေးလိုက်ရတာပဲ အဖတ်တင်တယ်။
-
ဒေါ်စုအစိုးရနဲ့ ပြေလည်တဲ့ တရုတ်ဟာ ၂၀၂၁ မှာ တိုင်ပတ်သွားတယ်။ ဒေါ်စုကိုယ်တိုင် OBOR ၃၃ ခုကို ဘာလို့ပေးတာလဲ မစဉ်းစားနိုင်တဲ့ NLD နဲ့ NUG ထောက်ခံသူတွေက တရုတ်စီမံကိန်းမှန်သမျှ ဒီနေ့အထိ ဖျက်ဆီးတိုက်ခိုက်တယ်။
-
တရုတ်က တပ်နဲ့လည်း အလွမ်းမသင့်၊ NLD NUG PDF ကလည်း တိုက်ခိုက်နေချိန်မှာ မတတ်သာလို့ အစိုးရ အကူအညီယူပြီး စီမံကိန်းတွေ Safe ဖြစ်ရေးလုပ်ချိန် PDF တိုက်ခိုက်မှုပိုဆိုးလာပြီး စီမံကိန်းအကြီးမှန်သမျှ တိုက်ခိုက်ခံရတယ်။ အဲဒီမှာ OBOR နဲ့ ပိုက်လိုင်းလုံခြုံရေး PDF ကင်းစင်နယ်မြေကို စဉ်းစားတယ်။ အခု ပိုက်လိုင်းနဲ့ OBOR Map ကို စဉ်းစားကြည့်။ အဲဒီပိုက်လိုင်းနဲ့ OBOR Map မှာ တပ်၊ မြောက်သုံးကောင်၊ ရှမ်းလက်နက်ကိုင်နဲ့ ရခိုင်ပဲရှိတယ်။ ဒီတော့ OBOR နဲ့ ပိုက်လိုင်းက အခု Clear ဖြစ်သွားတယ်။ ၁၀၂၇ စစ်ဆင်ရေးစပြီးမှ အမေရိကန်နဲ့ အနောက်အုပ်စု ဩဇာခံ NUG နဲ့ ကရင်၊ ကယား၊ ကချင်၊ ချင်းက Geopolitical မှာ သူတို့ဖယ်ထုတ်ခံရပြီ သဘောပေါက်ပြီး နုဂျီနဲ့ K3C သဘောတူညီချက်ဆိုပြီး ငါတို့လည်း SAC အစိုးရနဲ့ ညှိပါရစေ တောင်းဆိုတယ်။
-
ဒါပေမဲ့ ပြေလည်ပုံမရတော့ ဒီနေ့ Operation 0307 ဆိုပြီး စတယ်။ ပြောမယ်ဆို 1027 က အောင်မြင်ပေမဲ့ ကယား 1111 Operation က ကိုယ်ပြောခဲ့သလို ကျရှုံးတယ်။ ၁၁ ဟာ ဆက်တစ်နေလို့ နုဂျီနဲ့ K3C က 0307 လုပ်တာ။ ဒါကလည်း ဘူပဲ။ ဘူပိတ်သွားမယ်။
-
ဒါမျိုး စာတွေက အရိုင်းဆန်တယ်။ ပြဿနာများတယ်။ ဘယ်ဘက်ကမှလည်းမကြိုက်ဘူး။ ဒါပေမဲ့ ဒီစာကို အာခံငြင်းဆန်နိုင်သူလည်း မရှိနိုင်ဘူး။ ကံကောင်းတာက ရှမ်းမြောက်မှာ ကျားဖြန့်ရှိပေမဲ့ နုဂျီနဲ့ K3C မှာ အမေရိကန်ပါ မရှိတော့ဘူး။ ဒီတော့ အားကုန်ရင် ရပ်သွားမယ်။ ဒါပေမဲ့ ကံယုံဆူးပုံနင်းရင်တော့ ရှုံးမှာပဲ။
တွေးဆဖတ်ဖို့
#MT-News