Views
-
လက်ရှိ ဘိုင်ဒင်က တရုတ်လူ။ ဒါကြောင့် တရုတ်ကို သင်္ကြန်အမြောက်ပစ်ပြပြီး ရုရှားကို ယူကရိန်း Proxy ထား စစ်တိုက်တယ်။ တရုတ်က (၄) နှစ်အတွင်း လွတ်လွတ်လပ်လပ် စင်ပေါ်တက်ခွင့် ရသွားခဲ့တယ်။Trump တက်လာရင် ရုရှားစစ် ရပ်တန့်သွားနိုင်တယ်။
-
ဒါပေမယ့် ပထမ Trump သက်တမ်းတုန်းကလို Indo Pacific Region ကို Focus မလုပ်ဘဲ မြန်မာကို Focus လုပ်လာနိုင်တယ်။ တကယ်တော့ 2021 Myanmar Spring Revolution ဆိုတာ US ရဲ့ တရုပ်အနောက် အိန္ဒိယသမုဒ္ဒယာထွက်ပေါက် စင်္ကြန်လမ်းကို သူ့လက်ဝေခံများဖြင့် ပိတ်ဆို့နေရာယူထားနိုင်ရေး အစီအမံတစ်ခုပဲ ဖြစ်တယ်။ ဒါကြောင့် ကချင်၊ ချင်း၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး ဒေသတွေမှာ US လက်ဝေခံ KIA ရဲ့ အထောက်အပံ့နှင့် NUG/ pdf တွေ က နယ်မြေစိုးမိုးမှုရရှိအောင် စီမံဆောင်ရွက်လာခဲ့ကြတယ်။
-
ထင်သာမြင်သာရှိစေတဲ့အချက်က အနီထောက်ခံသူ အားကောင်းတဲ့ ဧရာဝတီတိုင်းမှာ တိုက်ကွက်မဖေါ် ခဲ့ကြတာပဲဖြစ်တယ်။ ဒါဟာ တရုတ်အတွက် အန္တရာယ်သတိပေး ခေါင်းလောင်သံလို့ ယူဆနိုင်စေတယ်။
-
ဒီအခြေအနေဟာ ယခုလာမည့် 2024 US General Election မှာ Trump တက်လာရင် တရုတ်အတွက် အတော်လေး အန္တရာယ်ရှိလာနိုင်တယ်။ ဒါကြောင့် ကိုးကန့် MNDAA ဖုန်တာရွှင်နှင့် တရုတ်လက်ဝေခံ TNLA, AA တို့ကို လက်နက်တပ်ပေးပြီး US ရဲ့ အစီအမံဖြစ်တဲ့ တရုတ်စင်္ကြန်ထွက်ပေါက်လမ်းပိတ်ဆို့မှုကို 1027 Operation နှင့် ရှင်းလင်းအထိုင်ချဖို့ လုပ်လာကြတယ်။
-
ဒါကြောင့်လည်း US လက်ဝေခံ KIA/pdf တွေက စစ်ကိုင်းတိုင်းထဲ ခြေကုတ်ရရှိဖို့ အတင်းလုပ် ဆောင်လာကြသလို China လက်ဝေခံ AA ကလည်း ရခိုင်မှာ အပြိုင်ခြေကုတ်ရဖို့ လုပ်လာကြတယ်။ ရှမ်းမြောက်ဒေသကတော့ တရုတ်အတွက် လုံလောက်တဲ့ အနေအထားတစ်ခုကို ရရှိပြီဖြစ်လို့ စစ်ကို ရပ်တန့်ထားလိုက်တယ်။
-
လက်ရှိ အကြပ်အတည်းဖြင့် ရင်ဆိုင်နေရတာက မြန်မာ့တပ်မတော်ဖြစ်ပြီး နလပိန်းတုံး အသုံးချခံတွေက pdf တွေပဲ ဖြစ်တယ်။ မြန်မာ့တပ်မတော်က US/ China လက်ဝေခံ သူပုန်တွေနှင့် ရင်ဆိုင်တိုက်ခိုက် နေရသလို pdf တွေကလည်း US/ China လက်ဝေခံ သောင်းကျန်းသူတွေရဲ့ အသုံးချခံ ဖြစ်နေကြရတယ်။
-
ဒီအခြေအနေရဲ့ ထွက်ပေါက်က
- ပထမအဆင့် မြန်မာ့တပ်မတော်အနေဖြင့် ပြည်တွင်းသောင်းကျန်းမှုကို ရန်/ ငါ စည်းပြတ် နိုင်နိုင်နင်းနင်း၊ ပြတ်ပြတ်သားသား ကိုင်တွယ်ရှင်းလင်းပြဖို့ လိုအပ်ပါတယ်။
- ဒုတိယအဆင့် တိုင်းပြည်အတွင်း ငြိမ်ဝပ်ပိပြားပြီး အာဏာတည်မြဲအောင် ဆောင်ရွက်ရပါမယ်။
- တတိယအဆင့် တရုတ်နှင့် ယုံကြည်စိတ်ချရတဲ့ အဆင့်တူ မဟာမိတ်ကို တည်ဆောက်ရပါမယ်။
-
၈၈ ခုနှစ် အကြပ်အတည်းမှာ မြန်မာ့တပ်မတော်က ပြည်တွင်း လက်ဝဲ၊ လက်ျာ သောင်းကျန်းမှုကို ပြတ်ပြတ်သားသား နှိမ်နင်းအောင်နိုင်ပြီး တိုင်းပြည်ကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်းခဲ့ခြင်းကြောင့် တရုတ်က သူ့လက်ဝေခံ ညီနောင် မဟာမိတ်ပါတီ ဗကပ ကိုပင် လက်တွဲဖြုတ်ခဲ့ပြီး မြန်မာစစ်အစိုးရနှင့် လက်တွဲခဲ့ပါတယ်။ အကျိုးဆက်က တရုတ်နယ်စပ်ဒေသမှာ သေနတ်သံတွေ ရပ်တန့်သွားခဲ့ကြပါတယ်။
-
မြန်မာ့တပ်မတော်နှင့် မြန်မာအစိုးရဟာ အနောက်ဖက်ကို မယိမ်းသ၍ မြန်မာတရုတ် ဆက်ဆံရေးက အဆင်ပြေနေလိမ့်မယ်။ ဒီကနေ့ တရုတ်နယ်စပ်ဒေသ မတည်ငြိမ်မှုက ပထမဆုံးဒီမိုကရေစီအစိုးရ လက်ထက် အနောက်ယိမ်းလိုက်ခြင်းရဲ့ အကျိုးဆက်သာဖြစ်ပါတယ်။
-
ဒါကြောင့် မြန်မာ့တပ်မတော်အနေဖြင့် လာမည့် နိုဝင်ဘာမတိုင်မှီ ပြည်တွင်းဆူပူသောင်းကျန်းမှုကို ထိရောက်ပြတ်သားစွာ နှိမ်နင်းပစ်ပါမှ ကမ္ဘာအလည်မှာ ဂုဏ်သိက္ခာရှိသော နိုင်ငံတစ်ခုအဖြစ် ဆက်လက် ရပ်တည်နိုင်ပါလိမ့်မည်။
ရဲထွန်းဦး
2000/2010 ခုနှစ်အချိန်ကာလအတိုင်း နယ်စပ်မှာမည်သည့်အဖွဲအစည်းမှ လှုပ်ရှား အခြေချခွင့်မပြုရအောင် ပြန်လည်လုပ်ဆောင်ရင် အကောင်းဆုံးဖြစ်ပါမည်။ အထူး(အထူး၂/၄)ဒေသများ တွင်လည်း ခေါင်းမထောင်အောင် ယခု ကတည်းက ပြုလုပ်ဆောင်ရွက်ထားလျှင် အကောင်းဆုံးဖြစ်ပါမည်။ နယ်စပ်ဒေသများတွင် ခြံစည်းရိုးအနေနှင့် မိမိတို့ အဖွဲ့အစည်းမှ လွဲ၍ မည်သည့်အဖွဲ့အစည်းမှ မထားလျှင် အကောင်းဆုံးဖြစ်ပါသည်။
ReplyDelete