Breaking News

Views


ပအိုဝ်းတိုင်းရင်းသားများ၏ ရွာများ၊ စည်းစိမ်ဥစ္စာများကို ဖျက်ဆီးမီးရှို့နေသည့် KNDF/PNLA အကြမ်းဖက် အင်အား ၂၀ ဦးခန့် ဆီဆိုင်မြို့၊ မြကန်သာရပ်ကွက်၊ ဇာဝါနာရာမကျောင်းတိုက်အနီးရှိ ၅ ထပ်တိုက်တွင် ရောက်ရှိနေကြောင်း ဒေသခံများ၏ သတင်းပေးပို့မှုအရ မတ်လ ၂၁ ရက်(ယနေ့)မနက်ပိုင်းတွင် ဝင်ရောက် စီးနင်းခဲ့ရာ -

(၁) KNDF/PNLA အလောင်း ၂ လောင်း

(၂) စနိုက်ပါ ၁ လက်

(၃) M-16 သေနတ် ၁ လက်

(၄) G-4 သေနတ် ၁ လက်

(၅) MA-3 သေနတ် ၁ လက်

သိမ်းဆည်းရမိခဲ့ပါသည်။

-

အဆိုပါ အကြမ်းဖက်သောင်းကျန်းသူများသည် ၎င်းနေရာမှနေ၍ စစ်ကြောင်းများနှင့် PNO အဖွဲ့များအား ချောင်းမြောင်းပစ်ခတ်ခြင်း၊ ရွာများအား မီးရှို့ခြင်း၊ ပစ္စည်းများအား ဖောက်ထွင်းခိုးယူနေခြင်းကြောင့် ဒေသခံများက ရွံရှာမုန်းတီးလျက်ရှိကြောင်း သိရှိရပါသည်။

#တိုက်ပွဲသတင်းစုံ

Post a Comment

Previous Post Next Post