တိုက်ပွဲသတင်းထုတ်ပြန်ချက် (မတ် ၁၅ ရက်၊ ၂၀၂၄ ခုနှစ်)

Views


ကချင်ပြည်နယ်

ဆွမ်ပရာဘွမ်မြို့မရဲစခန်းနှင့် ဘွမ်ပရာဘွမ်စခန်းတို့အား KIA နှင့် အကြမ်းဖက်သူအင်အား ၁၀၀ ဦးခန့်က လက်နက်ကြီး/ငယ်များ၊ Drop Bomb များဖြင့် လာရောက်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူပြီး ပြန်လည်တိုက်ခိုက်ချေမှုန်းခဲ့ရ။ (ရန်သူစုံစမ်းဆဲ၊ မိမိထိခိုက်မှုမရှိ)

-

ကယားပြည်နယ်

ကယားပြည်နယ်၊ ဖားဆောင်းမြို့ရှိ နယ်မြေခံတပ်ဌာနချုပ်သို့ KNPP/KNDF သကသ များက အဝေးမှ Drop Bomb ဖြင့် လာရောက်တိုက်ခိုက်ခဲ့။ (မိမိဘက် ထိခိုက်မှုမရှိ)

-

ကယားပြည်နယ်၊ လွိုင်ကော်မြို့လေယာဉ်ကွင်းရှိ လုံခြုံရေးတပ်ဖွဲ့များအား KNPP/KNDF သကသ အင်အား ၂၀ ဦးခန့်က ၃ ကြိမ်တိုင်တိုင် အဝေးမှ လာရောက်ပစ်ခတ်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရ။ (မိမိဘက်ထိခိုက်မှုမရှိ)

-

ကရင်ပြည်နယ်

မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်မြို့ရှိ နယ်မြေခံတပ်ဌာနချုပ်သို့ KNLA တမဟ(၆)၊ ရင်း (၂၈)နှင့် အကြမ်းဖက်သူအင်အား ၁၈၀ ဦးခန့်တို့သည် လက်နက်ကြီး/ငယ်များ၊ Drop Bomb များဖြင့် ၂ ကြိမ်တိုင်တိုင လာရောက် တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်တိုက်ခိုက်ခဲ့။ ( မိမိဘက်ထိခိုက်မှုမရှိ)

-

ရခိုင်ပြည်နယ်

ရသေ့တောင်မြို့နယ်ရှိ နယ်မြေခံတပ်ဌာနချုပ်နှင့် သင်္ဘောတောင်စခန်းကုန်းသို့ AA သကသ အင်အား ၁၀၀ ဦးခန့်တို့က လက်နက်ကြီး/ငယ်များ၊ Drop Bomb များဖြင့် လာရောက်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်တိုက်ခိုက်ချေမှုန်းခဲ့။ (သတင်းပေးပြောကြားချက်အရ AA သကသ ၅၀ ကျော်သေဆုံးပြီး၊ ဒဏ်ရာရသူ ၃၀ ဦးခန့်အား လျှိုတစ်ခုထဲတွင် ထားရစ်ပြီး ထွက်ပြေးကြောင်းသိရ)။ ဖြစ်စဉ်တွင် -

(၁) AA အလောင်း ၁၀ လောင်း

(၂) တရုတ်စက်လတ် ၂ လက်

(၃) RPG ၁ လက်

(၄) M-79 ၁ လက်

(၅) M-22 သေနတ် ၁ လက်

(၆) Type-81 သေနတ် ၂ လက်

သိမ်းဆည်းရမိပြီး မိမိဘက်စစ်သည် ၁ ဦး ဒဏ်ရာရရှိ။ နယ်မြေဆက်ရှင်းနေဆဲဖြစ်ပြီး ပုံများရရှိပါက ထပ်မံဖော်ပြပါမည်။

-

စစ်ကိုင်းတိုင်း

နေ့လည် ၁ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပေကြီးကျေးရွာအနီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် အကြမ်းဖက် PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့။ (လက်လုပ်စိန်ပြောင်း ၁ လက်၊ ဗုံးသီး ၅ လုံး သိမ်းမိ၊ မိမိဘက်ထိခိုက်မှုမရှိ)



#တိုက်ပွဲသတင်းစုံ

1 Comments

  1. ရဲကြီးကဟိုလက်နက်ချတဲ့ဟိုဆရာ​တွေထက်သာတယ်

    ReplyDelete
Previous Post Next Post