Views
တရုတ်ကို ဝိုင်းပတ်ပိတ်ဆို့ဖို့ လုပ်နေတဲ့ အမေရိကန်အနေနဲ့ တရုတ်ရဲ့ ထိကွက်ကို ကိုင်နိုင်ဖို့ ဆူး ၂ ချောင်းနဲ့ တရုတ်ကို ထိုးထားပါတယ်။
-
ပထမဆူးကတော့ တရုတ်ရဲ့ တစ်နိုင်ငံစနစ် ၂ မျိုး မူဝါဒကို ထိခိုက်စေမယ့် ထိုင်ဝမ်ဆူးဖြစ်ပြီး ဒုတိယဆူးကတော့ တရုတ်နိုင်ငံရဲ့ သမုဒ္ဒရာ ၂ စင်းကနေ စီးပွားရေး ဖော်ဆောင်နေတဲ့ BRI စီမံကိန်းကို ထိခိုက်စေမယ့် မြန်မာနိုင်ငံဆူးပဲဖြစ်ပါတယ်။
-
Super Power အားပြိုင်နေတဲ့ အမေရိကန်ဟာ တရုတ်ပြိုလဲဖို့အတွက် တရုတ်နိုင်ငံကို အရှေ့ဘက်ကနေ ထိုင်ဝမ်းဆူးနဲ့ထိုးနေသလို တရုတ်ရဲ့ အိန္ဒိယသမုဒ္ဒရာထွက်ပေါက် အနောက်ဘက်က မြန်မာနိုင်ငံဆူးနဲ့လည်း ထိုးနေပါတယ်။
-
(အားလုံးသိတဲ့အတိုင်း ထိုင်ဝမ်ဆူးကတော့ ရှင်းပါတယ်။)
တရုတ်ကခွဲထွက်ပြီး နိုင်ငံထူထောင်ချင်တဲ့ထိုင်ဝမ်ကို အမေရိကန်က စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး ထောက်ပံ့ပေးပြီး တောင်တရုတ်ပင်လယ်အတွင်း စစ်ရေးတင်းမာ အောင်လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။
-
(မြန်မာဆူးကတော့ သိပ်မရိုးရှင်းပါဘူး။)
မြန်မာနိုင်ငံမှာ သူတို့လိုချင်တဲ့ အစိုးရဖြစ်ဖို့ ပြည်တွင်းနိုင်ငံရေးနဲ့ လက်နက်ကိုင်ပဋိပက္ခတွေမှာ ဝင်ရောက် စွက်ဖက် နှောင့်ယှက်အားပေးမီးထိုးပေးနေပြီး မြန်မာနိုင်ငံအတွင်း တရုတ်အကျိုးစီးပွားတွေ ထိခိုက်ဖို့နဲ့ တရုတ်နိုင်ငံရဲ့ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို နှောင့်ယှက်နိုင်ဖို့ တရုတ်နယ်စပ်ကနေ ရခိုင်ပြည်နယ်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းအထိ လမ်းတစ်လျှောက်မှာရှိတဲ့ မြို့ရွာတွေ တည်ငြိမ်အေးချမ်းမှု ပျက်ပြား အောင် မဟာဗျူဟာချမှတ်လုပ်ဆောင်နေတာ မြင်တွေ့နေရပါတယ်။
-
လတ်တလော မြန်မာနိုင်ငံအရှေ့မြောက်နဲ့ ရခိုင်ဒေသမှာဖြစ်နေတဲ့ တိုက်ပွဲတွေဟာ တရုတ်မွေးစားထားတဲ့ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ MNDAA၊ TNLA၊ AA နဲ့ နောက်ကွယ်က UWSA၊ KIA တို့နဲ့ ဖြစ်ပွားနေလို့ တရုတ်က နောက်ကွယ်က အားပေးထောက်ခံနေတယ်လို့ ထင်မြင်ယူဆနေကြပါတယ်။
အဲ့ဒီလောက်မရိုးရှင်းပါဘူး….
(အပိုင်း ၂ ဆက်လက်ဖော်ပြပေးပါမည်…)