မူးယစ်ဆေးသုံးပြီး ဗုဒ္ဓဆင်းတုတော်ကို ဖျက်စီးဖို့ ကြိုးစားခဲ့သူ ရင်ဘတ်ကို ရုပ်တုစိုက်ဝင်ပြီး သေဆုံး

Views


ထိုင်းနိုင်ငံ ချုံဘူရီပြည်နယ်မှာ ဘုရားကျောင်းအတွင်း အက်လို့ အမည်ရတဲ့ အသက် ၄၉ နှစ်အရွယ် အမျိုးသားဟာ မူးယစ်ဆေးဝါးသုံးစွဲပြီး သောင်းကျန်းနေတာကြောင့် ရဲကိုဖုန်းဆက်တိုင်ကြားခဲ့ရာ ဘုရားကျောင်းထဲကို ရဲတွေ ရောက်လာချိန်မှာ အက်က တံခါးအားလုံးနဲ့ ပြတင်းပေါက်တွေကို ပိတ်ထားခဲ့ပြီး အထဲမှာ ခိုလှုံနေခဲ့ပါတယ်။ သူ့မှာ လက်နက်ရှိနေမယ်ထင်လို့ ရဲတွေကလည်း အထဲကို မဝင်ဘဲ အပြင်မှာ စောင့်ဆိုင်းရင်း လက်နက်ချဖို့ သူ့ကို ဖျောင်းဖျခဲ့ကြတာပါ။ ဒါပေမဲ့ အချိန်အတော်ကြာတဲ့အထိ အက်ထံကနေ တုံ့ပြန်မှုမရတဲ့အတွက် တံခါးကို ချိုးဖျက်ပြီး အထဲ ဝင်သွားချိန်မှာတော့ ရင်ဘတ်မှာ ဗုဒ္ဓရုပ်တုတော် စိုက်ဝင်ပြီး လဲကျသေဆုံးနေတဲ့ အက်ကို တွေ့ရှိခဲ့တာပါ။

-

စုံစမ်းစစ်ဆေးမှုတွေအရ အက်ဟာ ပင်မဝတ်ပြုဆောင်ထဲမှ ရုပ်ပွားတော်ကြီးပေါ် တက်ကာ ရိုက်ချိုးဖျက်စီးဖို့ ကြိုးစားနေရင်းကနေ ခြေချော်ပြုတ်ကျခဲ့ပြီး အောက်ဘက်မှာရှိတဲ့ ချွန်ထက်တဲ့ ရုပ်တုတော်က သူ့ရင်ဘတ်ကို စိုက်ဝင်သွားခဲ့တာလို့ ဖော်ပြပါတယ်။ ရုပ်တုတော်က သူ့ရဲ့နှလုံးနဲ့ အဆုတ်ကို ဖောက်ဝင်သွားခဲ့လို့ ပွဲချင်းပြီး သေဆုံးသွားခဲ့တာပါ။

မင်းဇော်လွင်

Post a Comment

Previous Post Next Post