Views
ထိုင်ဝမ်တရုတ်တွေဖြစ်ကြောင်း ခိုင်မာတဲ့ သက်သေ ၂ ချက်ရှိပါတယ်။
-
ပထမသက်သေကတော့ အရှေ့မြောက်ဒေသမှာ ကူမင်တန်ကျူးကျော်မှု လက်ထက်ကတည်းက ကျန်ရှိနေတဲ့ ထိုင်ဝမ်မျိုးဆက်တရုတ်အများအပြားရှိပြီး အဲ့ဒီအဖွဲ့တွေကနေတစ်ဆင့် MNDAA အဖွဲ့ဟာ တရုတ်ထိုင်ဝမ်နဲ့ အဆက်အသွယ်မပြတ်ရှိနေပါတယ်။ မူးယစ်ရာဇာဖြစ်တဲ့ MNDAA နဲ့ UWSA အဖွဲ့တွေဟာ သူတို့နယ်မြေထဲက ထိုင်ဝမ်နွယ်ဖွားတွေ(ကူမင်တန်)ကို ကာကွယ်ပေးပြီး မူးယစ်ဆေးဝါးနဲ့ စစ်လက်နက်ပစ္စည်း မှောင်ခိုလုပ်ငန်းတွေမှာ တရုတ်ပြည်မကြီးကို ကျော်ခွလုပ်ဆောင်နေတာကို တရုတ် ထောက်လှမ်းရေးက သိရှိပေမယ့် သူ့အကျိုးစီးပွားကို မထိခိုက်လို့ စောင့်ကြည့်အဆင့် မှာပဲထားပါတယ်။
-
တစ်နည်းအားဖြင့် ရှမ်းမြောက်ကထွက်တဲ့ မူးယစ်ဆေးဝါးတွေဟာ တရုတ်ပြည်မကြီးကိုမဝင်လာဘဲ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားတို့ကနေတစ်ဆင့် အမေရိကန်နဲ့ အနောက်အုပ်စုဆီကို ရောက်ရှိနေလို့ တရုတ်ကြီးက မသိချင်ယောင်ဆောင်နေတာ ဖြစ်သလို တရုတ်ကုန်သည်တွေက မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ ဓာတုပစ္စည်းတွေ အရှေ့မြောက်ဒေသကို တင်သွင်းနိုင်မှုကြောင့် အကျိုးအမြတ်များစွာရနေပါတယ်။
-
ဒုတိယသက်သေကတော့ ၁၀၂၇ စစ်ဆင်ရေးမှာ မျောက်သုံးကောင်အဖွဲ့ အသုံးပြုသွားတဲ့ ထိုင်ဝမ် စစ်ဘက်အကြံပေး (ကြေးစားလို့ယူဆရ) တွေရဲ့ စစ်ပွဲအရှိန်မြင့်တက် တိုက်ခိုက်မှုမှာ တရုတ်ပြည်မကြီးရဲ့ အကျိုးစီးပွားပျက်စီးစေရေးကို ဦးတည်စေခဲ့ပြီး အရှေ့ဆူးဖြစ်တဲ့ ထိုင်ဝမ်အပေါ် အာရုံလျော့လာအောင် အနောက်ဆူးဖြစ်တဲ့ မြန်မာ နိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေ ပိုမိုကြီးထွားလာပြီး တရုတ်အကျိုးစီးပွား ပျက် ပြားအောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။
-
ဒါ့ကြောင့် အရှေ့မြောက်က ၁၀၂၇ ရဲ့ လက်မဲကြီးဆိုတာ အပေါ်ယံကြည့်ရင် တရုတ် (ပြည်မကြီး)၊ MNDAA၊ TNLA၊ AA တို့ လက်ချက်လို့ ထင်ရပေမယ့် အမှန်တကယ်တော့ တရုတ် (ထိုင်ဝမ်)၊ MNDAA၊ TNLA၊ AA နဲ့ နောက်ကွယ်က အမေရိကန်၊ NUG တို့ရဲ့ စနက်ဖြစ်ပါတယ်။
-
အဲ့ဒီအချက်ကို ပိုပြီးသိသာထင်ရှားတဲ့ အချက်ရှိပါတယ်။ အဲ့ဒီအချက်ကတော့ အရှေ့မြောက်နဲ့ ရခိုင်တိုက်ပွဲတွေ အရှိန်မြင့်လာချိန်မှာ တရုတ်ပြည်မကြီးက သူ့တပည့်တွေကို ရပ်ဖို့အမိန့်ပေးပေမယ့် တရုတ်ထိုင်ဝမ်အကြံပေးတွေက နယ်မြေတိုးချဲ့ရေးကို အကြောင်းပြပြီး တိုက်ပွဲတွေမရပ်တန့်ဘဲ တရုတ်-မြန်မာကုန်သွယ်ရေးနဲ့ ရေရှည်အကျိုးစီးပွား ထိခိုက်စေမယ့် မဟာဗျူဟာမြောက်စစ်ရေးပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်နေ တာကို ထင်ရှားစွာမြင်တွေ့ရမှာဖြစ်ပါတယ်။
-
ဒါ့ကြောင့် အရှေ့မြောက်နဲ့ ရခိုင်ဘက်က တိုက်ပွဲတွေရဲ့ နောက်ကွယ်က လက်မဲကြီး ဟာ တစ်ခုထဲမဟုတ်ပဲ တရုတ်ပြည်မကြီးရဲ့ လက်မဲကြီးပါဝင်သလို အဲ့ဒီတရုတ်လက်မဲကြီးထက် ပိုမိုထိရောက်တဲ့ တရုတ်ထိုင်ဝမ် လက်မဲကြီးဆိုတာ မီးမောင်းထိုးပြလိုက်ရပါတယ်။
-
တရုတ်ကတော့ တရုတ်ပါပဲ ပြည်မကြီးလား? ထိုင်ဝမ်လား? ဆွေမျိုးပေါက်ဖော်လား? အမေရိကန်တပည့် ကူမင်တန်လား? ဆိုတာ ကွဲကွဲပြားပြားမြင်တွေ့နိုင်ကြပါစေ…
ခင်ညိုချော
လက်မဲမဟုတ်ပါ လက်ဖြူကြီးပါ
ReplyDelete