ရဲဘော်စိတ်နဲ့ပြိုင်မိုက်ခဲ့တယ်

Views


လူမိုက် ... လူမိုက်ဆိုပေမဲ့ သူတို့က နိုင်ငံတော်ရဲ့လူမိုက်တွေ။

-

ဟုတ်တယ် .... ကျွန်တော်တို့ တပ်မတော်သားတွေဟာ နိုင်ငံတော်ရဲ့လူမိုက်တွေ။ နိုင်ငံတော်ကြီး မပြိုကွဲစေဖို့၊ မိဘပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံစေဖို့ တစ်ခါတစ်ရံမှာ လူမုန်းခံပြီး ဆောင်ရွက်ကြရသလို လူလူချင်းတူတူ သူများမလုပ်ချင်တဲ့အလုပ်တွေကို အမိုက်ခံပြီး တိုက်ကြခိုက်ကြရတာမို့ နိုင်ငံတော်လူမိုက်လို့ တင်စားခေါ်ဝေါ်ရမှာပါ။

-

ညက နည်းနည်းလေး အားနေတာနဲ့ ဒုတိယကမ္ဘာစစ် နောက်ခံ Fury ဆိုတဲ့ ဇာတ်လမ်းလေး ပြန်ကြည့်ဖြစ်တယ်။ တိုက်တာခိုက်တာတွေ အချစ် အလွမ်း တွေနဲ့ရသစုံမို့ အတော်ကိုကြည့်ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ။

-

နောက်ဆုံးဇာတ်ဝင်ခန်းလေးကတော့ ရင်ထဲကို အတော်ထိတယ်။ လမ်းဆုံကနေစောင့်ဖို့လွှတ်လိုက်တဲ့ တင့်တပ်စု၊ တိုက်ပွဲဖြစ်ပြီး အခြားတင့်တွေပျက်သွားတယ်၊ Fury တင့် တစ်စီးပဲကျန်တယ်၊ Fury ကလဲ ရည်မှန်းချက်လမ်းဆုံရောက်တော့ မိုင်းနင်းပြီး ချိန်းကြိုးပြတ်သွားတယ်။ အဲ့မှာ ဂျာမန် တပ်ရင်းကြီး ချီတက်လာတာနဲ့ကြုံတယ်။

-

Crew လေးကမှ ၅ ယောက်။ ချိန်းကြိုးအပြတ်နဲ့ တင့်ကားတစ်စီး။ စဉ်းစားကြည့်လေ ... ဘယ်လိုမှကို ခံတိုက်ဖို့မဖြစ်နိုင်တာ။ ဒါပေမဲ့ တင့်ယာဉ်မှူး မင်းသားကတော့ ပြတ်တယ်။ ဒီလမ်းဆုံကနေ တက်လာတဲ့ ရန်သူကို တင့်နဲ့ယှဉ်ဆိုင်မယ်။ မဖြစ်နိုင်တာကြီးကိုရင်ဆိုင်မယ်လို့ပြောတဲ့ မင်းသားနဲ့ ကျန်အဖွဲ့သားတွေ တစ်ယောက်တစ်ခွန်းပြောကြဆိုကြရင်း ခေါင်းဆောင်မင်းသားက ကျန်တဲ့လူတွေထွက်သွားတာ ခွင့်ပြုတယ်။ ဒါမဲ့ သူကတော့ အသေခံပြီးချမယ်။ တင့်ကားကြီးလက်နဲ့ထုပြီး "ဒါ ငါ့အိမ်" ပဲလို့တောင်ပြောလိုက်တယ်။

-

အဲ့မှာ အစက မဖြစ်နိုင်ဘူး သွားကြရအောင်လို့ပြောတဲ့ အဖွဲ့သားတွေဟာ တစ်ယောက်ပြီးတစ်ယောက် တင့်ကားပေါ်ပြန်တက်လာရင်း ခံချကြဖို့ ပြင်ဆင်တော့တယ်။

-

ဒါ ရဲဘော်စိတ်နဲ့ အမိုက်ပြိုင်ခဲ့ကြတာပဲ။ သေမယ်မှန်းသိရက်နဲ့ အမိုက်ခံခဲ့တာနော်။ ဒီလိုအဖြစ်မျိုးတွေ တပ်မတော်မှာလဲ ထုနဲ့ဒေးပဲ။ အရှေ့မြောက်စစ်မြေပြင် နမ့်ဆန် စခန်းကုန်းက တပ်ရင်းမှူးနဲ့ အသေခံခဲ့တဲ့ စစ်သည်လိုလူတွေ၊ ရခိုင် ပလက်ဝဗျူဟာကုန်းက အသေခံခဲ့တဲ့ ရဲဘော်ရဲဘက်တွေ ရဲ့ သစ္စာတွေဟာ ယနေ့တိုင် ကျွန်တော်တို့နှလုံးသားကိုရိုက်ခတ်နေတုန်းပဲ။

-

ပူပူနွေးနွေး မနေ့‌တနေ့က ကချင်ပြည်နယ်မှာလဲ ဒုရဲအုပ် ညီနောင်တစ်ယောက် စခန်းထဲမယ် နောက်ဆုံးအချိန်ထိ ခံချပြီး အသက်စွန့်ခဲ့တယ်တဲ့ဆိုတော့ ဒီလို ရဲဘော်စိတ်နဲ့ အပြိုင်မိုက်တဲ့ စစ်သည်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရှိနေသေးသရွေ့ ကျုပ်တို့ နိုင်ငံ့လက်နက်ကိုင်တွေ ပြန်လည်နိုးထလာဦးမယ်ဆိုတာ အကြွင်းမဲ့ယုံတယ်။

-

"အမေကကျွေး ... တပ်ကမွေးလို့

အမေ့သားလူမိုက် ထိုတစ်သိုက်သည်

သေမဲ့ စစ်ခရီး ဤ လမ်းကြီးအား

ရဲဘော်စိတ်နဲ့ အပြိုင်မိုက်ကာ တိုက်ခဲ့ကြသည်

ဘယ်မင်းဖက်ပြိုင် .. နိုင်အံ့မည်နည်း"



မင်းထက်ကျော်ဇော

Post a Comment

Previous Post Next Post