" လာဘ် "

Views


ယူ က ရိန်း စစ် မှာ အ မေ ရိ ကန် ဒေါ် လာ သန်း ပေါင်း များ စွာ ဖိုး ထိ ယူ က ရိန်း ကာ ကွယ် ရေး ဌာ န ဘက် က မ သ မာ မှု အ ကြိမ် ကြိမ် လုပ် ခဲ့ ကြ တယ် ။



အ မေ ရိ ကန် လွှတ် တော် က ယူ က ရိန်း အ တွက် ဘက် ဂျက် ချ မ ပေး ချင် တော့ တာ အဲ့ ဒီ ကိ စ္စ လည်း ပါ တယ် ။



ယူ က ရိန်း သ မ္မ တ ရဲ့ လက် ထောက် အ ကြီး အ ကဲ Kyrylo Tymoshenko လည်း အ ဂ တိ နဲ့ ညိ ပြီး နှုတ် ထွက် စာ တင် ထား တယ် ။ လက် ထောက် ကာ ကွယ် ရေး ဝန် ကြီး Viacheslav Shapovalov လည်း ရိ က္ခာ ဝယ် ယူ မှု အ ရှုတ် တော် ပုံ ကြောင့် နှုတ် ထွက် စာ တင် ထား တယ် ။



လတ် တ လော ယူ က ရိန်း က အ မြှောက် ကျည် ဆံ တွေ ဝယ် တာ လက် နက် ရောင်း ချ တဲ့ Lviv Arsenal ကု မ္ပ ဏီ က လူ ငါး ယောက် က ကာ ကွယ် ရေး ဝန် ကြီး ဌာ န နဲ့ ပေါင်း ပြီး ဒေါ် လာ သန်း ၄၀ လောက် မ သ မာ မှု လုပ် လို့ စုံ စမ်း စစ် ဆေး နေ ကြ တယ် ။



အ စ္စ ရေး စစ် မှာ အ မေ ရိ ကန် တို့ ယူ က ရိန်း ကို ပေး ထား တဲ့ လက် နက် တွေ ဟား မာ့စ် တွေ ဖက် က သုံး တာ ကို တွေ့ ခဲ့ ကြ တယ် ဆို တဲ့ သ တင်း တွေ လည်း ထွက် ခဲ့ သေး တယ် ။



ယူ က ရိန်း စစ် ဗိုလ် ချုပ် ကြီး တွေ လည်း လက် နက် တွေ ကို ရောင်း စား တာ မျိုး လုပ် လို့ အ ရေး ယူ ခံ ရ တာ တွေ ရှိ ခဲ့ တယ် ။



ဂျာ မ ဏီ က လည်း ယူ က ရိန်း ကို ပေး မယ် ဆို တဲ့ သံ ချပ် ကာ ကား တွေ ကို ဈေး ပို ပြော ပြီး မ သ မာ မှု လုပ် တာ သိ သွား လို့ အ စီ အ စဥ် ပျက် သွား တယ် ။ ဒေါ် လာ ၂ သိန်း တန် တဲ့ တင့် ကား ကို ဒေါ် လာ ၆ သိန်း စာ ရင်း ပြ လို့ ။



ယူ က ရိန်း စစ် က အ စိုး ရ တာ ဝန် ရှိ သူ တ ချို့ အ တွက် ရိုက် စား ဂွင် ကြီး တစ် ခု ဖြစ် ခဲ့ တယ် ။



နိုင် ငံ ကို ကာ ကွယ် ရ မယ့် သူ တွေ က အ ဂ တိ လိုက် စား ရင် နိုင် ငံ ပျက် ပြီ ပေါ့ ။



ရဲ က လာဘ် စား ရင် ဥ ပ ဒေ စိုး မိုး မှု လျော့ ပြီး ရာ ဇ ဝတ် မှု ထူ မယ် ။

လ ဝ က လာဘ် စား ရင် လူ မျိုး ပျောက် မယ် ။

အ ကောက် ခွန် လာဘ် စား ရင် မှောင် ခို ပေါ ပြီး စီး ပွား ပျက် မယ် ။ စစ် သား လာဘ် ယူ ရင် တိုင်း ပြည် ပျက် ပြီ ။



မြန် မာ နိုင် ငံ မှာ ရဲ တွေ လာဘ် စား တာ နဲ့ ပတ် သက် ပြီး သ ရော် တဲ့ စ ကား ရှိ တယ် " ရဲ က လာဘ် မ စား ရင် နူ တယ် ကွ " တဲ့ ။ အဲ့ ဒါ သူ ငယ် ချင်း ရဲ က စ နောက် ပြီး ပြော တာ ပါ ။ အဲ့ ဒီ အ ကြောင်း ရေး ခဲ့ တာ ၄ ၅ ၆ နှစ် လောက် ရှိ ပြီ ။



ရဲ တွေ နဲ့ လာဘ် လာ ဘ မ ကင်း တာ မြန် မာ တစ် နိုင် ငံ တည်း မ ဟုတ် ဘူး တစ် က မ္ဘာ လုံး ပါ ။



တစ် ခါ တ လေ ရဲ တွေ လာဘ် ယူ လိုက် တာ ပြည် သူ အ တွက် နည်း နည်း ပို အ ဆင် ပြေ သွား တတ် တယ် ။



တစ် ခါ အ မြန် လမ်း မှာ မိ တ္ထီ လာ Toll gate ရောက် တော့ လူ လိုင် စင် ကား လိုင် စင် စစ် တယ် ။ ကိုယ့် လိုင် စင် က သက် တမ်း ကျော် နေ တာ သက် တမ်း မ တိုး ရ သေး ဘူး ။ အ ဖမ်း ခံ ရ တယ် ။



သူ က မိ တ္ထီ လာ မြို့ ထဲ မှာ ဒဏ် ကြေး သွား ဆောင် ခိုင်း တယ် ။ ဆောင် ရ မှာ လည်း တ န င်္လာ နေ့ မှ ။ အ ဖမ်း ခံ ရ တာ စ နေ ။



ကိုယ် က မ န္တ လေး သွား မှာ ဘယ် လို လုပ် မိ တ္ထီ လာ ပြန် လာ ပြီး ဒဏ် ဆောင် မ လဲ ။



ကိုယ် လည်း မ ဖမ်း ဖို့ ညှိ ရ တာ ပေါ့ ။ မ ရ ဘူး ။ အ မိန့် စာ ထုတ် ပြ တယ် ထိ ထိ ရောက် ရောက် အ ရေး ယူ ခိုင်း ထား တဲ့ လူ ကြီး လက် မှတ် ထိုး ထား တဲ့ စာ ။



လိုင် စင် သက် တမ်း ကျော် တာ ရာ ဇ ဝတ် မှု လုပ် ထား တာ တော့ မ ဟုတ် ဘူး ။ သူ တို့ က လည်း ပိုက် ဆံ မ ယူ ဘူး ဆို တော့ အဲ့ လို အ ချိန် မှာ ရဲ တွေ လာဘ် စား ရင် ကောင်း မှာ ပဲ လို့ အား လုံး တွေး မိ ကြ မယ် ထင် တယ် ။



နောက် ဆုံး သိ သ မျှ သူ ငယ် ချင်း တွေ ကို အ ကူ အ ညီ တောင်း ရင်း Toll gate မှာ ပဲ ဒဏ် ဆောင် လို့ ရ အောင် လုပ် ခဲ့ ရ တယ် ။



တစ် ခါ တ လေ အ ထက် ရောက် သွား တဲ့ တစ် ယောက် မ လည် မ ဝယ် စာ ထုတ် လိုက် ရင် အောက် ခြေ မှာ ရွာ လည် နေ ရော ။



အဲ့ ဒါ ဆို အောက် ခြေ မှာ လာဘ် ထိုး မှ အ ဆင် ပြေ တယ် ။



ခု နောက် ပိုင်း လမ်း တွေ မှာ ယာဉ် ထိမ်း တွေ စစ် သား တွေ စည် ပင် ဝန် ထမ်း တွေ ပါ တဲ့ အ ဖွဲ့ စုံ နဲ့ ကား စစ် ဆေး ရေး တွေ လုပ် တာ မ ကြာ ခ ဏ တွေ့ ရ တယ် ။ နိုင် ငံ လုံ ခြုံ ရေး က သ တိ ထား နေ ရ တဲ့ အ ချိန် ဖြစ် နေ တော့ ရဲ တွေ ကိုယ် တိုင် လုံ ခြုံ ရေး ပြန် တောင်း ခံ နေ ရ သ လို ဖြစ် နေ တယ် ။



မော် တော် ယာဉ် အ စစ် ခံ ရ တဲ့ ပြည် သူ က သေ နတ် ကိုင် ထား တဲ့ စစ် သား တွေ့ တော့ စ ကား အ များ ကြီး မ ပြော ပဲ ပေး စ ရာ ရှိ တာ ပေး ပြီး မောင်း ထွက် သွား ကြ တာ များ တယ် ။



ယာဉ် ထိမ်း ရဲ ကား စစ် တဲ့ ကိ စ္စ ကြုံ လို့ ထည့် ရေး တာ ။ အဲ့ ဒါ ကို ပြော ချင် တာ မ ဟုတ် ဘူး ။



စစ် သား တွေ က လာဘ် လာ ဘ ကိ စ္စ တွေ နဲ့ ထိ တွေ့ ပတ် သက် မ နေ တာ ကောင်း တယ် ။



မိုး တင့် ဆွေ( ရန် ကုန် တ က္က သိုလ် )

Post a Comment

Previous Post Next Post