ရထားလမ်းတံတားပြင်သည့် လုပ်သားများအား ထပ်မံ၍ ဒရုန်းဗုံးချတိုက်ခိုက်

Views


သထုံမြို့နယ် သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြား ရထားလမ်းပိုင်း မိုင်းခွဲခံထားရပြီး လမ်းပိုင်းပြုပြင်မှုများ ဆောင်ရွက်နေဆဲဖြစ်သောကြောင့် မတ်လ ၂၁ ရက်နေ့(ယနေ့) နံနက်ပိုင်းတွင် ထွက်ခွာမည့် မော်လမြိုင်-ရန်ကုန် နှင့် ရန်ကုန်-မော်လမြိုင်ရထားခရီးစဉ်များကို ယာယီဖျက်သိမ်းထားကြောင်း သိရှိရပါသည်။

-

မတ်လ ၂၁ ရက်နေ့(ယနေ့) မော်လမြိုင်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် ၈၂ အစုန်မော်လမြိုင်-ရန်ကုန် ရထားနှင့် ရန်ကုန်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် ၈၁ အဆန် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များ ယာယီဖျက်သိမ်းထားကြောင်းနှင့် ယနေ့ရထားခရီးစဉ်အတွက် လက်မှတ်ဝယ်ယူထားသူများ အနေဖြင့် ဝယ်ယူထားသော အထက်တန်း လက်မှတ်များကို မော်လမြိုင်ဘူတာကြီး နေ့ချင်း လက်မှတ်ရုံ၌ ပြန်အမ်းငွေ လာရောက်ထုတ်ယူရန် ကြေငြာထားကြောင်းလည်း သိရှိရပါသည်။

-

လက်ရှိတွင် အကြမ်းဖက် KNU/PDF များ မိုင်းခွဲဖျက်ဆီးခဲ့သော လမ်းပိုင်းအား ပြုပြင်နေဆဲဖြစ်ပြီး ပြုပြင်နေသည့် လုပ်သားများအား နေ့စဉ်ရက်ဆက် ဒရုန်းဗုံးချ တိုက်ခိုက်နေသောသောကြောင့် ခန့်မှန်းအချိန်ထက် နောက်ကျသွားနိုင်ကြောင်း လမ်းတံတားအင်ဂျင်နီယာ တစ်ဦးထံမှ ကြားသိရပါသည်။

-

ပြည်သူကို တော်တော်ဒုက္ခပေးတဲ့ မျိုးမကောင်းခွေးသူပုန်တွေပဲ။

Post a Comment

Previous Post Next Post