Views
ဒေါ်အောင်ဆန်းစုကြည်သာ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးကို ရှိတ်ဟာစီနာလောက် နားလည် ခဲ့ရင် .... တသက်လုံး ဆန္ဒရှိသလောက် အုပ်ချုပ်ရေးအာဏာကို ပိုင်ဆိုင်ခွင့်ရမှာ။
-
ခက်တာက နောက်ထပ်တကြိမ် အာဏာရဖို့အတွက် အစိုးရအဖွဲ့ရဲ့ လုပ်နိုင်စွမ်းနဲ့ ပြည်သူကို ချပြစည်းရုံး ရမယ့်အစား.... အတိုက်အခံဘဝက အရိုးစွဲနေခဲ့တဲ့ တပ်မတော်ရှင်းလင်းရေးဆိုတာကိုပဲ တစိုက်မတ်မတ် လုပ်လာခဲ့တယ်။ စစ်ဗိုလ်ချုပ်တွေအကြောင်း အတင်းပြောရင် လူထုရွေးချယ်မှုက ဆက်ပြီး ရှင်သန်နေဦးမယ် ဆိုတဲ့ အတွေးရှိခဲ့ဟန်ပါပဲ။
-
အစိုးရမလုပ်တတ်တဲ့ အတိုက်အခံက ၅ နှစ်အတွင်း ကမောက်ကမတွေ လုပ်ခဲ့လို့ ညွှန့်ပေါင်းမဖြစ်အောင် နည်းမျိုးစုံကြိုးပမ်းခဲ့တာလို့လည်း ယူဆရနိုင်မယ်။ လက်နက်ကိုင်အစုအဖွဲ့ပေါင်း လက်နှစ်ချောင်းစာမက ရှိနေတဲ့ တိုင်းပြည်မှာ လက်နက်ကိုင်တွေကို လက်နက်ဖြုတ်သိမ်းနိုင်စေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဦးစားပေးရမယ့်အစား စစ်တပ်ကို နိုင်ငံရေးကထွက်ဖို့ ကြိုးစားခဲ့တာက အနောက် Guidelines ကို မလွန်ဆန်နိုင်ခဲ့တာလားလို့ပဲ မေးခွန်းထုတ်ရမယ်။
(နရီမိုး)