Views
ထိုင်းနိုင်ငံမှာလုပ်တဲ့ “မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲ”ဆိုတာ Legal လား Illegal လား?
ဟုတ်ကဲ့ Illegal လို့ပြောပါရစေ .. ဦးဆောင်လုပ်တဲ့သူက Move Forward ပါတီက US မွေးစားသား အတိုက်အခံပါတီက ပီတ .. ထိုင်းအစိုးရနဲ့ မဟုတ်ပါ။
-
ထိုင်းနိုင်ငံရေးစနစ်က လွှတ်တော်နဲ့ အစိုးရကြားမှာ သီးခြားစီဖြစ်ရမယ်ဆိုတဲ့ မူဝါဒရှိလို့ အစိုးရအနေနဲ့ လွှတ်တော်က လုပ်တာကို ပိတ်ပင်တားဆီးလို့မရပါဘူး။ နှစ်စဉ် နှစ်စဉ် ထိုင်းလွှတ်တော်မှာ ဘာပွဲ ညာပွဲ ဆိုပြီး လုပ်လေ့ရှိတယ်။ ဦးဆောင်လုပ်တဲ့ပါတီက US ရဲ့ ထောက်ပံ့ငွေရတယ်။
-
ဆိုတော့ အခုဒီပွဲဟာ ထိုင်းအစိုးရနဲ့ မသက်ဆိုင်ဘဲ အတိုက်ခံ Move Forward ပါတီက ငွေကြေးရလိုမှု၊ သူ့ပါတီ ပေါ်ပြူလာဖြစ်လိုမှုကြောင့် လုပ်တာဖြစ်တယ်။
-
ဆွေးနွေးပွဲတက်တဲ့သူတွေကို ကြည့်လိုက်ပါ နိုင်ငံမဲ့ဝရမ်းပြေးအုပ်စုရယ်၊ UG တွေရယ်၊ မြန်မာနိုင်ငံကို မတည်မငြိမ်ဖြစ်စေချင်တဲ့ NGO တွေပဲ တက်တာ။ ဘယ်ထိုင်းအစိုးရအဖွဲ့ဝင် တစ်ယောက်မှ မပါပါဘူး။
-
ပိုက်ဆံပေးရင် လုပ်လို့ရတဲ့ အဲဒီဆွေးနွေးပွဲက Illegal ဖြစ်ရုံတင်မက လမ်းဘေးဆွေးနွေးပွဲသာသာရယ်။ တစ်ခုမျှော်လင့်လို့ရတာက ပီတ သာ နောက်တစ်ဆက်မှာ အစိုးရဖြစ်ခဲ့ရင် အရိုးအရင်းလေးတော့ ကိုက်ရမှာပေါ့။