တိုက်ပွဲသတင်းထုတ်ပြန်ချက် မတ်လ ၁ ရက်၊ ၂၀၂၄ ခုနှစ်

Views


(ဆမား)

မနက် ၈ နာရီခန့်နှင့် ည ၇ နာရီခန့်တို့တွင် KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ကချင်ပြည်နယ်ရှိ ဆမားစခန်းအား Drop Bomb ဖြင့် ၂ ကြိမ်လာရောက် တိုက်ခိုက်ခဲ့လို့ တပ်မတော်ဘက်မှ ပြန်လည် ပစ်ခတ်ခဲ့ရတယ်လို့ သိရှိရပါတယ်။

( DJI Drone ၁ စီး သိမ်းဆည်းရမိပြီး မိမိဘက်ထိခိုက်မှုမရှိ )

-

(စီခမ်းကြီး)

ညနေ ၆ နာရီခန့်တွင် ကချင်ပြည်နယ်၊ စီခမ်းကြီးမြို့နယ်၊ ပန်တိုင်းရွာအတွင်းတွင် နယ်မြေရှင်းလင်းနေတဲ့ စစ်ကြောင်းနဲ့ KIA သကသ ၁၅ ဦးခန့်တို့ အပြန်အလှန် တိုက်ပွဲဖြစ်ပွားပြီး အနောက်ဘက်တောထဲသို့ ရန်သူဆုတ်ခွာထွက်ပြေး သွားကြောင်း သိရှိရပါတယ်။

( ကျည်အိမ် ၃ ခု၊ ကျည် ၁၂၀ တောင့်၊ အီကွေးမန့် ၁ စုံ သိမ်းဆည်းရမိပြီး မိမိဘက်ထိခိုက်မှုမရှိ )

-

(ဖားဆောင်း)

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ သံလွင်တံတား(အနောက်ခြမ်း)ဂိတ်အား မနက် ၈ နာရီခန့်တွင် KNPP/KNDF သကသ အင်အား ၁၅၀ ဦးခန့်ဖြင့် တစ်ကြိမ်၊ ညနေ ၆ နာရီခန့်တွင် KNPP/KNDF သကသ အင်အား ၁၂၀ ဦးခန့်ဖြင့် တစ်ကြိမ်၊ စုစုပေါင်း ၂ ကြိမ် လက်နက်ကြီး/ငယ်၊ Drop Bomb များဖြင့်လာရောက် တိုက်ခိုက်ခဲ့သလို သံလွင်တံတား(အရှေ့ခြမ်း)ဂိတ်ကိုလည်း KNPP/KNDF ၅၀ ဦးခန့်ဖြင့် တစ်ကြိမ်၊ ၇၀ ဦး ခန့်ဖြင့် တစ်ကြိမ်၊ (၂)ကြိမ်လာရောက်တိုက်ခိုက်လို့ ပြန်လည်ပစ်ခတ်ခဲ့ရ၊ အလားတူ နေ့လည် ၁၁ နာရီခန့်တွင် ရင်းဌာနချုပ်တစ်ခုအား သောင်းကျန်းသူများက အဝေးမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း လည်း သိရှိရပါတယ်။

( ရန်သူ့ထိခိုက်မှုမသိရှိရသေး၊ မိမိဘက်ထိခိုက်မှုမရှိ )

-

(ဆီဆိုင်)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့၊ ဆေးရုံအနီးတွင် နေ့လည် ၁၁ နာရီခန့်နှင့် ညနေ ၆ နာရီခန့်တို့တွင် နယ်မြေရှင်းလင်းနေသော စစ်ကြောင်းနှင့် KNDF/PNLA သကသ ၃၀ ဦးခန့်တို့ ၂ ကြိမ် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရန်သူမှာ အနောက်ဘက်သို့ ဆုတ်ခွာသွားကြောင်း။ အလားတူ ည ၇ နာရီချိန်တွင် လည်း ဆီဆိုင်မြို့အနီးတွင် နယ်မြေရှင်းလင်းစစ်ကြောင်းနှင့် KNDF/PNLA ၆၀ ဦးခန့်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။

( ရန်သူ့ထိခိုက်မှုမသိရှိရသေး၊ မိမိဘက် စစ်သည် ၁ ဦး ဒဏ်ရာရ )

-

(မြောင်)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မကျီးကန်ရွာအနီးတွင် မနက် ၂ နာရီချိန်လောက်က နယ်မြေရှင်းလင်းစစ်ကြောင်းနှင့် အကြမ်းဖက် ၅ ဦးတို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အရှေ့မြောက်အရပ်သို့ အကြမ်းဖက်သမားများ ထွက်ပြေးသွားကြောင်း သိရှိရပါတယ်။

( အကြမ်းဖက် ၃ လောင်း၊ သေနတ်အရှည် ၂ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည်အများအပြားသိမ်းဆည်းရမိပြီး မိမိဘက်ထိခိုက်မှုမရှိ )

#တိုက်ပွဲသတင်းစုံ

Post a Comment

Previous Post Next Post