အခွင့်အရေးတစ်ခု

Views


❝ခြိမ်းခြောက်မှုတွေကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနိုင်ခြင်းမရှိတဲ့ ကျောင်သား၊ ကျောင်းသူတွေကို စာမေးပွဲ ပြန်လည်ဖြေဆိုခွင့်ပေးမည်❞

-

အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ဖြေဆိုနိုင်ခြင်းမရှိတဲ့ ဒေသအသီးသီးမှ ကျောင်းသား၊ ကျောင်းသူတွေကို စာမေးပွဲ ပြန်လည်ဖြေဆိုခွင့်ပေးသွားမယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

-

အဆိုပါ အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ နည်းလမ်းမျိုးစုံနဲ့ ခြိမ်းခြောက်နှောင့်ယှက်မှုတွေကြောင့် အချို့ဒေသတွေမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဖို့ အခွင့်အရေး ဆုံးရှုံးခဲ့ကြတယ်လို့ ဆိုပါတယ်။

-

ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာရေးအခွင့်အလမ်း မဆုံးရှုံး စေဖို့အတွက် လုံခြုံရေးအခြေအနေအရ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဖို့ မှတ်ပုံတင်ထားပေမယ့် ဖြေဆိုခွင့်မရခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် အထူးအစီအစဉ်တစ်ရပ်အဖြစ် ယခုလို စာမေးပွဲဖြေဆိုစေခြင်းတို့ကို ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

-

အဲဒီလို ဖြေဆိုနိုင်ဖို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေရဲ့ ပံ့ပိုးကူညီပေးမှုနဲ့အတူ ကျောင်းသား၊ ကျောင်းသူတွေကို သတ်မှတ်ထားတဲ့ အခြေခံပညာကျောင်းတွေမှာရှိတဲ့ စာစစ်ဌာနတွေဆီ စုစည်းခေါ်ယူသွားမှာဖြစ်ပြီး ဖြေဆိုမယ့် နေ့ရက်နဲ့ စာစစ်ဌာနတွေကို ထပ်မံထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

Post a Comment

Previous Post Next Post