မိန်းမကျင့် မိန်းမကြံ

Views


▄ ဂွမ်မော်တစ်ယောက် ယောကျ်ားမပီသ ဘူးဆိုတဲ့ ယူဆချက်ဟာ ကိုရွှေမင်းကို လုပ်ကြံတဲ့ အကြောင်းအရာ တစ်ချက်တည်းနဲ့တင် ကောက်ချက်ဆွဲလို့ရတယ်။ လုပ်ကြံ သတ်ဖြတ်တာက လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းဆိုပေမယ့် နောက်ကွယ်မှာရှိတဲ့ လီဆူး တိုင်းရင်းသားတွေက ဘယ်လိုတုန့်ပြန်မလဲဆိုတာ မတွေးထားဘူးလားမသိ။

---

▄ ကချင်ပြည်နယ်မှာ လီဆူးပြည်သူစစ်အဖွဲ့ဆိုတာ KIA အတွက်တော့ ဆူးညှောင့် တစ်ချောင်းဖြစ်နေခဲ့တာလို့ ယူဆထားကြလို့လည်း ဖြစ်မှာပေါ့။ လီဆူးခေါင်းဆောင် တစ်ယောက်ကို ဦးချိုးလိုက်ရင် ဒီတိုင်းရင်းသားတွေ ငြိမ်ကျသွားမယ်လို့ တွေးတာလည်း ဖြစ်ချင်ဖြစ်နိုင်တာမျိုး။ စိတ်မကောင်းစရာတစ်ခုက ပုဂ္ဂိုလ်ရေး မကျေနပ်ချက်ကို လူသတ်ပြီး ဖြေရှင်းတဲ့ ယဉ်ကျေးမှုက ခုထိ ထွန်းကားနေတုန်းပဲ ဆိုတာမြင်တွေ့ လိုက်ရတာပဲ။ ဒီလို လူတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်မဆွေးနွေး နိုင်တာ သိပ်တော့ မထူးဆန်းပါဘူး။

---

▄ လက်ရှိဖြစ်နေတဲ့ ကချင်ပြည်နယ်စစ်ပွဲဆိုတာကလည်း အကျိုးစီးပွားကသာ အဓိကပါပဲ။ အရင်တုန်းက တရုတ်မွေးစားသားဖြစ်ခဲ့တဲ့ KIA က အမေရိကန်ကိုလည်း ပထွေးတော်ချင်တာသိတော့ တရုတ်ကလည်း လူရာမသွင်းတော့ဘူး။ အထူးသဖြင့် BRICS လမ်းကြောင်းရဲ့ ပင်မလမ်းအူတိုင်ကို ရွေးချယ်ကတည်းက KIA က လူရာမဝင်တော့ဘူး။ ပလက်ဝ နယ်မြေက ဘာကြောင့် အရေးတကြီး တိုက်ခိုက်ခံရသလဲဆိုတော့ ကုလားတန် စီမံကိန်းက ရလာမယ့် အကျိုးစီးပွားကြောင့်ပဲ။ လူမှောင်ခိုကူးမယ်။ လစ်ရင်လစ်သလို မူးယစ်ဆေးဝါး ခိုးသယ်နေတဲ့ AA အတွက် လူရိုသေ၊ ရှင်ရိုသေဖြစ်စေတဲ့ စီးပွားရေးလုပ်ငန်း တစ်ခုကို ဖင်ခုထိုင်ချင်တဲ့ အတွေးဆိုရင်လည်း မမှားဘူး။

---

▄ ကရင် ကော့ကရိတ်မှာဖြစ်တဲ့ စစ်ပွဲကလည်း ဒီသဘောမျိုးပဲ။ ဒီနေရာမှာ အရေးကြီးတဲ့ တချက်က အိမ်နီးချင်းနိုင်ငံတွေရဲ့ သဘောထားပဲ။ G to G သွားနိုင်အောင် စီမံနိုင် ရင်တော့ နယ်စပ်လက်နက်ကိုင်တွေရဲ့ မြေသိမ်းတိုက်ပွဲတွေက ဘာမှ အရာမထင်တာမျိုး ဖြစ်သွားကောင်းဖြစ်သွားနိုင်မှာပေါ့။ ဖက်ဒရယ်သွားမယ်လို့ ဦးတည်ထားတဲ့ လမ်းကြောင်း တွေက ခြေလှမ်းမစသေးခင်ကတည်းက ယဉ်သကို ဖြစ်နေတာတော့ စိတ်မကောင်းစရာပဲ။



(နရီမိုး)

Post a Comment

Previous Post Next Post