Views
စစ်ပွဲဆိုတာ နားထောင်လို့သာကောင်းပြီး တကယ်တမ်း အသက်အိုးအိမ်တွေ သေကြေပျက်ဆီးကြတာမို့ တိုက်ပွဲဖြစ်ရာ အရပ်မှာနေထိုင်တဲ့ မိဘပြည်သူတွေ အမြန်ဆုံး အဆုံးသတ်ချင်ကြတာ အမှန်ပါ။
-
စစ်မက်ဖြစ်ပွားရာမှ ရှောင်တိမ်းရင်း အိုးပစ်အိမ်ပစ် ပစ်လာခဲ့ကြတဲ့ မိဘပြည်သူတို့ရဲ့ မျက်နှာကို ရှေးရှုတဲ့ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းညှိနှိုင်းကော်မတီ (NSPNC) မှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် ဦးစီးအဖွဲ့ဟာ ကူမင်း ဆွေးနွေးပွဲ စတုတ္တအကြိမ် ကို တက်ရောက်ဆွေးနွေးပြီး ရလာဒ်ကောင်းတွေ ထွက်ပေါ်ခဲ့တယ်လို့ ကြားသိရပါတယ်။
-
အရှေ့မြောက်ဒေသ အပစ်ရပ်ရေးအတွက် ဒီတစ်ကြိမ်မှာလဲ အောင်မြင်စွာဆွေးနွေးနိုင်ခဲ့ပြီး မိဘပြည်သူများ စိုးရိမ်နေကြတဲ့ နယ်မြေကိစ္စတွေမှာ ဘယ်နေရာကိုမှ လက်နက်ကိုင်တွေဆီ တရားဝင် အသိအမှတ်ပြု ပေးအပ်ခဲ့ခြင်းမရှိပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အသိအမှတ်ပြုပေးထားတဲ့ အထူးဒေသ ပုံစံကလွဲလို့ ဘယ်မြို့တွေကိုယူလိုက်ပါဆိုတာမျိုးဆွေးနွေးခဲ့ခြင်း လုံးဝမရှိခဲ့။
-
နယ်စပ်ဒေသ ကုန်စည်စီးဆင်းရေးနဲ့ပတ်သတ်ပြီးလဲ တပ်မတော်နဲ့ လက်နက်ကိုင်များ ရင်ဆိုင်ထားတဲ့ အတွက် လုပ်ရကိုင်ရခက်ခဲပြီး နစကနဲ့ တရုတ်အစိုးရချင်းသာ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေဖြစ်တာမို့ လက်နက်ကိုင်တွေကို အမြန်ဆုံးဖယ်ရှားပေးဖို့ ဖိအားပေးနိုင်ခဲ့ပါတယ်။ ခု အွန်လိုင်းမှာ ဘယ်ကမှန်းမသိ ဖွလိုက်တဲ့ ၇၀% တို့ ၃၀% တို့ဆိုတာ ဆွေးနွေးကြတဲ့ NSPNC ၊ မြောက်ပိုင်းသုံးဖွဲ့ နဲ့ တရုတ် ကိုယ်စားလှယ် တို့တောင်မပြောကြတဲ့ အချက်တွေလို့ သိရပါတယ်။
-
ဆက်လက်ပြီး တိုက်ပွဲကာလအတွင်း နှစ်ဖက် ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေ လဲလှယ်ဖို့လဲ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါတယ်။
-
ဆိုတော့ ... စတုတ္တအကြိမ်ဆွေးနွေးပွဲကတော့ တဖြည်းဖြည်းနဲ့ အပစ်အခတ်ရပ်ဖို့၊ ကုန်စည်ကူးသန်းဖို့ လုပ်ငန်းစဉ်တွေဆောင်ရွက်ဖို့ ခြေလှမ်းစနိုင်ခဲ့ပြီလို့ ယူဆရမည်ဖြစ်ကြောင်း တင်ပြရင်း .......
မင်းထက်ကျော်ဇော
ခုလိုသိရတာကျေးဇူးပါ
ReplyDelete