Views
စတုတ္တအကြိမ်ဆွေးနွေးပွဲအပြီး တစ်ဖက်မီဒီယာတွေနဲ့ တချို့သော Social Influencer တွေဆီကနေ ဘယ်သူ ဆွေးနွေးသွားမှန်းမသိတဲ့ အချက်တွေကို ရောကြိတ်တဲ့ သတင်းတွေထွက်လာတယ်။ မနေ့ညကတော့ နစက သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အများပြည်သူ စိုးရိမ်နေတဲ့ အချက်တွေ အနက် ထုတ်ပြန်လို့ရသမျှ အချက်လေးတွေ ထုတ်ပြန်သွားတယ်။ ဆွေးနွေးပွဲမှာ ဆွေးနွေးသမျှ ထုတ်ပြောလို့မရဘူးဆိုတဲ့အချက်ကို အားသာချက်ယူပြီး တစ်ဖက်က ဖွလို့ကောင်းသွားတယ်လို့ပဲ ပြောရမှာပေါ့။
-
ကာယကံရှင် NSPNC နဲ့ မြောက်ပိုင်းသုံးဖွဲ့၊ ကြားခံ တရုတ် အကျိုးဆောင်အဖွဲ့ရယ် ၃ ဖွဲ့စလုံးရဲ့ သဘောတူညီချက်မှာ ထုတ်ပြန်လို့မရဆိုတဲ့အချက်ကိုလဲ အားလုံးသဘောတူထားပြီးသားဆိုပေမဲ့ အရှေ့မြောက်ဒေသ ငြိမ်းချမ်းရေးရသွားမှာကို မလိုလားတဲ့ အဖွဲ့အစည်းတွေက အင်နဲ့အားနဲ့ကို ဖြစ်နိုင်ကောင်းပါရဲ့ဆိုတဲ့ အချက်တွေကို စိတ်ကူးနဲ့ ကွန့်မြူးလိုက်တော့ ဟုတ်လောက်တယ်ဆိုတဲ့ အသံတွေ ညံကုန်တာလဲ မဆန်းဘူးရယ်။
-
ဆိုတော့ ... မနေ့ကလဲ ကျွန်တော် တင်ပြပြီးပါပြီ။ ၂၀၀၈ ခြေဥမှာပါတဲ့ ကိုးကန့်အထူးဒေသဆိုတာကို အသိအမှတ်ပြုတာကလွဲလို့ နမ္မတူကိုယူပါ၊ ကွမ်းလုံကို ယူပါဆိုပြီး တစ်ခုမှ အသိအမှတ်ပြုခြင်း မရှိပါဘူးဆိုတာ အခိုင်အမာပါ။ ဗိုလ်ချုပ်ဇော်မင်းထွန်း ညက ထုတ်ပြန်သွားတဲ့အချက်ထဲမှာလဲ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဆက်လက်စွဲကိုင်ပါ တယ်လို့ ပြောသွားပြီးသားပါ။
-
နယ်စပ်ကုန်သွယ်ရေးအတွက် အမြန်ဆုံးအကောင်အထည်ဖော်ဖို့ ဆွေးနွေးနေတာမှန်ပေမဲ့ "သားကြီး ငါ့တော့ ၇၀% ပေးကွာ ၊ မင်းကတော့ ၃၀% ယူပါ" ဆိုတာလဲ ဘယ်သူမှ ဆွေးနွေးခဲ့ကြခြင်းမရှိပါဘူး။ ပြောလို့လဲမရဘူးလေ။ စဉ်းစားကြည့် .... မြောက်ပိုင်းသုံးဖွဲ့ဆိုတာ လက်နက်ကိုင်တွေရယ်။ အစိုးရမဟုတ်ဘူး။ ဒါကို တစ်ဖက်က ကုန်သွယ်ဖက် တရုတ်နိုင်ငံကလဲ အသိအမှတ်ပြုထားပြီးသား။ ဆိုတော့ လက်နက်ကိုင်နဲ့ ကုန်သွယ်မှုလုပ်မလား ... လက်ရှိ အစိုးရနဲ့ ကုန်သွယ်မှုလုပ်မလားဆိုတာ ကလေးတောင်တွေးတတ်သေးတာရယ်။ ဒါကို ဆွေးနွေးပွဲမှာ မသိရင်ဝင်ထိုင်လာတဲ့ အထှာနဲ့ ခပ်တည်တည်နဲ့ ဖွကြတာ။
-
ဆိုတော့ .... အဲ့လိုတွေ ဘာလို့ ဖွကြလဲ။ အဖြေကရှင်းပါတယ်။ အရှေ့မြောက်ဒေသ မငြိမ်းချမ်းစေချင်လို့။ စစ်မီးတွေမငြိမ်းစေချင်လို့ပါ။
-
စစ်မီးငြိမ်းရင် ဘာဖြစ်လဲ။ နစကကို အနိုင်မတိုက်နိုင်တဲ့ အဖွဲ့တွေ ရည်မှန်းချက်ပျောက်မယ်။ အလှူခံစားရ ငတ်မယ်။ ဒါတွေကြောင့် မငြိမ်းစေချင်ကြတာပါပဲ။
-
အနှစ်ချုပ်တင်ပြရမယ်ဆိုရင်ဖြင့် .... ခု လိုင်းပေါ်မှ ဖွနေတဲ့ အကြောင်းအရာတွေကို မယုံကြပါနဲ့။ စစ်ဖြစ် စေချင်တဲ့ သူတွေရဲ့ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ သွေးမကွဲကြပါနဲ့ခင်ဗျာ။
မင်းထက်ကျော်ဇော