အလွယ်တကူအိပ်ပျော်စေမယ့် နည်းလမ်း ၁၂ ခု

Views


ညရောက်ရင် အိပ်မှာပဲလို့ လူတိုင်းတွေးကြပါတယ်။ ဒါက သဘာဝမို့ပါ။ ဒါပေမယ့် ညရောက်တိုင်း အလွယ်တကူအိပ်ပျော်ရဲ့လားဆိုတာ တကယ်တွေးကြည့်ရင် ထင်သလောက်တော့ မဟုတ်တာကို သတိထားမိလာမှာပါ။ အထူးသဖြင့်တော့ အိပ်စက်ရခက်နေသူတွေအတွက်ပေါ့။

-

အိပ်ရာဝင်ချိန်ရောက်တိုင်း အိပ်စက်ဖို့ခက်ခဲနေတာမျိုး လူတိုင်းကြုံဆုံဖူးမှာပါ။ ဒီကနေ့ခေတ်လို လူတိုင်းနီးပါး ပူပင်သောကတွေများနေချိန်မျိုးမှာ ညညအိပ်မပျော်နိုင်သူတွေ အမြောက်အများရှိနေပါတယ်။ လူတွေ တွေးထင်သလောက် အလွယ်တကူအိပ်မပျော်နိုင်တဲ့အခါ အိပ်ရေးပျက်ပြီး ကျန်းမာရေးကိုလည်း ထိခိုက်လာပါတယ်။ အိပ်ရေးပျက်တာဟာ ကိုယ်ခံအားစနစ်ကို ထိခိုက်စေတာမို့ ခုလိုကာလမျိုးမှာ အန္တရာယ်များတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။

-

ဒါကြောင့် ညအချိန်တွေမှာ အချိန်မှန်မှန် အိပ်ရေးဝဝအိပ်စက်ဖြစ်ဖို့ အလွယ်တကူအိပ်ပျော်ဖို့ လိုအပ်လာပါပြီ။ သိပ္ပံနည်းကျလေ့လာချက်တွေအရ တွေ့ရှိထားတဲ့ အိပ်စက်ရလွယ်ကူစေတဲ့နည်းလမ်းတွေ ရှိပါတယ်။ ဒီလွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတွေကို ပြောပြပါရစေ။

-
(အလွယ်တကူအိပ်ပျော်စေမယ့် နည်းလမ်း ၁၂ ခု)

(၁။ အပူချိန်လျှော့ချပါ)

အခန်းအပူချိန် မြင့်မားရင် အိပ်ပျော်ဖို့ခက်ပါတယ်။ အေးရင် အိပ်စက်ရ ပိုမိုလွယ်ကူပါတယ်။ ဒါကြောင့် အခန်းအပူချိန် နည်းပါးအောင်လုပ်တာမျိုး ဒါမှမဟုတ် ခန္ဓာကိုယ်အပူချိန်ကျဖို့ ရေချိုးတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။

-

(၂။ ၄-၇-၈ နည်းလမ်းသုံးပါ)

၄-၇-၈ ဆိုတာ ဒေါက်တာ အင်ဒရူးရဲ့ အလွယ်တကူ အိပ်ပျော်စေမယ့် ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။ ယောဂနနည်းလမ်းတွေကို အခြေခံထားတဲ့ နည်းတစ်ခုဖြစ်ပါတယ်။ နည်းကတော့ အိပ်ရာပေါ်ကို ရောက်ချိန်မှာ

· လျှာနဲ့ ရှေ့သွားရဲ့နောက်ကို ထိပေးပါ။

· အဲ့ဒီနောက်မှာတော့ ဝူးခနဲ အသံထွက်အောင် လေကို ရှူထုတ်ပါ။

· ပါးစပ်ကိုပြန်ပိတ်ပြီး အမှတ်စဉ်ကို ၁- ၄ အထိ စိတ်ထဲမှ ရေတွက်ရင်း နှာခေါင်းကနေတဆင့် လေကိုရှူသွင်းပါ။

· အသက်ကိုအောင့်ပြီး ၁-၇ အထိ စိတ်ထဲမှ ရေတွက်ပါ။

· ပါးစပ်ကို ဟပြီး အသံမြည်တဲ့အထိ လေကို ရှူထုတ်ပါ။ ရှူထုတ်နေစဉ် စိတ်ထဲမှနေပြီး နံပတ်စဉ်ကို ၁-၈ အထိ ရေပါ။

အဆိုပါ လုပ်ငန်းစဉ်က လူကို လန်းဆန်းစေပြီး အဆုတ်ကိုအားကောင်းစေသလို အလျင်အမြန်လည်း အိပ်ပျော်စေပါတယ်။ တစ်ခါလုပ်ရင် ၃ ကြိမ်ထက်မနည်းလုပ်ပါ။

-

(၃။ အစီအစဉ်တကျအိပ်ပါ)

ဘယ်အချိန်အိပ်မယ်ဆိုတာကို သတ်မှတ်ပြီး နေ့စဉ်အိပ်ရာဝင်ပါ။ ရက်ဆက်လာတဲ့အခါ အကျင့်ရလာ ပါလိမ့်မယ်။

-

(၄။ မနက်ပိုင်းမှာရော၊ ညပိုင်းမှာပါ လေ့ကျင့်ခန်းလုပ်ပါ)

လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို အကျိုးရှိစေပါတယ်။ ပုံမှန်လုပ်ပေးမယ်ဆိုရင် အိပ်စက်မှုကိုလည်း အထောက်အကူဖြစ်စေပါတယ်။ မနက် အိပ်ရာနိုးနိုးချင်းနဲ့ ညအိပ်ရာဝင်ခါနီးတွေမှာ လေ့ကျင့်ခန်းပြုလုပ်တာက အိပ်ပျော်စေဖို့ နည်းလမ်းကောင်းဖြစ်ပါတယ်။

-

(၅။ ယောဂ နဲ့ တရားထိုင်ခြင်းအလေ့အကျင့်ထားပါ)

ယောဂလေ့ကျင့်တာ၊ တရားထိုင်တာလိုမျိုး အလေ့အထတွေက စိတ်ကိုငြိမ်းချမ်းစေတာမို့ ညဘက်တွေမှာ အလွယ်တကူအိပ်ပျော်စေဖို့ အထောက်အကူဖြစ်စေပါတယ်။ စိတ်ပူပင်သောကများနေရင် အိပ်ပျော်ဖို့ ခက်ခဲနိုင်တာကြောင့်ပါ။

-

(၆။ နာရီမကြည့်ပါနဲ့)

တရေးနိုးချိန်တွေမှာ နာရီထကြည့်တတ်တာက လူတိုင်းရဲ့ အကျင့်ပါ။ ဒါပေမယ့် ဒီအလေ့အထဟာ မှားယွင်းတဲ့ အပြုအမူတစ်ခုဖြစ်ပါတယ်။ ဖြစ်နိုင်ရင် တရေးနိုးချိန်တွေမှာ နာရီမကြည့်ပါနဲ့။ ဒီအချက်က အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။

-

(၇။ တရေးတမောအိပ်ခြင်းကို ရှောင်ပါ)

နေ့ခင်းနေ့လယ်မှာ အချိန်အကြာကြီး အိပ်စက်ဖြစ်ရင် ညဘက်မှာ အိပ်ပျော်ဖို့ခက်ပါတယ်။ ဒါကြောင့် ညဘက် အိပ်မပျော်ဖြစ်ဖြစ်နေရင် နေ့ခင်းနေ့လယ် တရေးတမော အိပ်စက်တာမျိုးကို လျှော့ချပါ။

-

(၈။ အစာစားချိန်နဲ့ အစားအစာကို ဂရုစိုက်ပါ)

အိပ်ရာဝင်ချိန်နဲ့ အစာစားချိန်ကို ၃ နာရီလောက် ခွာထားသင့်ပါတယ်။ အထူးသဖြင့် အိပ်ခါနီးမှာ ဘာမှမစားတာက အိပ်စက်မှုကို အကျိုးပြုသလို ကိုယ်အလေးချိန်မတက်စေဖို့ နည်းလမ်းကောင်း လည်းဖြစ်ပါတယ်။ ဒါ့အပြင် ကာဘိုဟိုက်ဒြိတ်များတဲ့ အစားအစာကို မှီဝဲပေးတာကလည်း အိပ်ချင်စိတ်ကို ပိုဖြစ်စေနိုင်ပါတယ်။

-

(၉။ သာယာနာပျော်ဖွယ် ဂီတသံများ နားဆင်ပါ)

ဂီတသံတွေကို နားဆင်တာက အိပ်စက်ချင်စိတ်ကို တွန်းအားပေးပါတယ်။ အထူးသဖြင့် ငြိမ့်ငြောင်းပြီး သာယာနာပျော်ဖွယ်ရှိတာမျိုးတွေပေါ့။

-

(၁၀။ သက်သောင့်သက်သာ အိပ်စက်ပါ)

အိပ်ရာက မာကျောပြီး အိပ်ရတဲ့နေရာကလည်း မသက်မသာဖြစ်နေမယ်ဆိုရင် အိပ်ပျော်ဖို့ ခက်ပါလိမ့်မယ်။ သက်သောင့်သက်သာရှိပြီး အလွယ်တကူခါးဆန့်လို့ရတဲ့ နေရာမျိုးတွေမှာ အိပ်စက်ရင် ပိုအိပ်ပျော်ရ လွယ်ပါတယ်။

-

(၁၁။ လျှပ်စစ်ပစ္စည်းတွေ အကုန်ပိတ်ထားပါ)

မီးချောင်း၊ တီဗီ၊ ဖုန်းစတဲ့ လျှပ်စစ်ပစ္စည်းတိုင်းကို ပိတ်ထားတာက အိပ်စက်မှုကို အထောက်အကူ ဖြစ်စေပါတယ်။ အိပ်ရာဝင်ခါနီးမှာ ဖုန်းကြည့်တာမျိုးကိုလည်း လုံးဝရှောင်ကျဉ်သင့်ပါတယ်။

-

(၁၂။ ကော်ဖီ၊ အရက်လျှော့သောက်ပါ)

ကြိုက်တတ်လို့ သောက်တယ်ဆိုရင်တောင်မှ ပမာဏကို လျှော့ချသင့်သလို ညအိပ်ရာဝင်ခါနီးမှာလည်း မသောက်သုံးသင့်ပါဘူး။ ကော်ဖီရော အရက်ရောဟာ အိပ်စက်မှုကို အနှာင့်အယှက်ပြုတဲ့အရာတွေ ဖြစ်ကြပါတယ်။

-

အသုံးတဲ့တယ်ဆိုရင် ပြန်လည်မျှဝေပေးပါခင်ဗျာ။



Crd

Post a Comment

Previous Post Next Post