Views
ဘယ်အစိုးရတက်တက် ဝန်ထမ်းက ဝန်ထမ်းအလုပ် ဝန်ထမ်းလုပ်တာ မှားတယ်လို့ သူ့ကို ပြောလို့မရဘူး။
-
အမေအရွယ် အဖွားအရွယ် အပြစ်မဲ့ အမျိုးသမီးတစ်ဦးကို ဥပဒေမဲ့ ရက်ရက်စက်စက် သ-တ်ဖြတ်ခဲ့တာကို ဘယ်အသိုင်းအဝိုင်းတွေကများ လက်ခံမယ်လို့ထင်နေတာလဲ။ တရားဥပဒေအရတောင် အပြစ်ရှိရင် ဥပဒေအတိုင်း စီရင်ရတာပဲ။
-
ကိုယ်မှန်ပါတယ်ဆိုပြီး လုပ်ခဲ့တဲ့ လုပ်ရပ်တစ်ခုက အကြမ်းဖက်မှုပုံစံဖြစ်နေပြီး ကြာလေဝေးလေ ပြည်သူနဲ့ ကင်းကွာလာလေ ဖြစ်လာမှာပါ။ ငါတို့ အာဏာ ပြန်ရဖို့ တိုင်းပြည်မှာ ရှိရှိသမျှ လူတွေကို မထင်ရင် မထင်သလို သ-တ်ဖြတ်မှုတွေ လုပ်ဆောင်မယ်ဆိုရင်တော့ မှန်လား၊ မှားလား/ ဓမ္မလား၊ အဓမ္မလား ဆိုတာ အဖြေကထွက်ပြီးသား ဖြစ်နေမှာပါ။
ဖိုးစီ