အရှေ့မြောက်ရဲ့ နောက်ကွယ်က လက်မဲကြီးက ဘယ်သူလဲ (အပိုင်း ၂)

Views


ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေ၊ အသုံးပြုခဲ့တဲ့ ဒရုန်းနည်းပညာနဲ့ MNDAA၊ TNLA နဲ့ AA တို့ရဲ့ စစ်ရေးရည်မှန်းချက်တွေအရ တရုတ်ကြီးက ကျားဖြန့်ကြောင့် သူ့တပည့်တွေကို လုံးဝဥသုံမထိန်းချုပ်ပေမယ့် တရုတ်အပြင် အခြားနောက်ကွယ်က ပူးပေါင်းပါဝင်လာနေတဲ့ လက်မဲကြီးရှိနေပါတယ်။ အဲ့ဒီလက်မဲကြီး ကြောင့် တရုတ်ရဲ့ အကျိုးစီးပွားတွေဖြစ်တဲ့ ချင်းရွှေဟော်၊ မူဆယ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း၊ တရုတ်ကို တင်ပို့နေတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းလမ်းကြောင်းနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း အကျိုး စီးပွားတွေကို တိုက်ရိုက်ထိခိုက်နေတာ မြင်တွေ့ရမှာဖြစ်ပါတယ်။

-

အထူးသဖြင့်တော့ ၂၀၂၂ ခုနှစ် အစပိုင်းလောက်ကစပြီး ပြည်တွင်းလက်နက်ကိုင် တိုက်ပွဲတွေမှာ သောင်းကျန်းသူတွေအသုံးပြုလာတဲ့ ဒရုန်းနည်းပညာနဲ့ စစ်နည်းဗျူဟာ တွေဟာ အမေရိကန် Free Burma Rangers အဖွဲ့ရဲ့ လက်ချက်ဖြစ်ပြီး အသုံးပြုတဲ့ ဒရုန်းတွေဟာ တရုတ်နိုင်ငံလုပ်ဒရုန်းများ ဖြစ်ပါတယ်။

-

တရုတ်နိုင်ငံလုပ်ဒရုန်းဆိုတာ ပြည်မကြီးတရုတ်ဒရုန်းတွေဖြစ်သလို ထူးခြားချက်ကတော့ ဖမ်းဆီးရမိဒရုန်း အမျိုးအစားတွေထဲမှာ ထိုင်ဝမ်နိုင်ငံထုတ် ဒရုန်းတွေ အများဆုံးပါရှိတာတွေ့ရှိရပါတယ်။

-

ဒရုန်းတိုက်ခိုက်မှု၊ Drop Bomb အသုံးပြုမှု၊ အစိုးရရဲ့ တန်ပြန်ဒရုန်းနဲ့ ဒရုန်းကာကွယ်ရေးစနစ်တွေကို ကျော်လွှားနိုင်မှုတွေမှာ အကြမ်းဖက်သောင်းကျန်းသူတွေနဲ့အတူ တရုတ်လူမျိုး ဒရုန်းပညာရှင်တွေ ပါဝင်နေတာ စိစစ်ဖော်ထုတ်သိရှိရပါတယ်။

-

အဲ့ဒီပညာရှင်တွေဟာ တရုတ်လူမျိုးတွေဖြစ်ပေမယ့် ပြည်မကတရုတ်တွေမဟုတ်ပဲ ထိုင်ဝမ်တရုတ်တွေ ဖြစ်နေတာ လူတိုင်းမသိတဲ့ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။

(အပိုင်း ၃ ဆက်လက်ဖော်ပြပါမည်။)

Post a Comment

Previous Post Next Post