ဖီခြူးအကြောင်း သိကောင်းစရာ

Views


ဖီခြူးဆိုတာ ဖုန်းရွှေသဘောတရားတွေပါဝင်နေတဲ့ တရုတ်ရိုးရာမင်္ဂလာ အဆင်တန်ဆာတစ်ခုဖြစ်ပါတယ်။

-

ဖီခြူးမှာ နိမိတ်ကောင်းမြတ်တဲ့ သားရဲတွေရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ပေါင်းစည်းထားတာ ဖြစ်ပါတယ်။ ဦးခေါင်းဟာ နဂါးဦးခေါင်းဖြစ်ပြီး ဖားနှုတ်သီးဟာ လာဘ်လာဘဥစ္စာရွှင်လန်းခြင်းကို ရည်ညွှန်းပါတယ်။ ဥစ္စာဓနကို စုပ်ယူနိုင်တယ်။ သူ့အမြီးက ခြင်္သေ့အမြီးဖြစ်ပါတယ်။ မကောင်းတဲ့ ပယောဂတွေကို ဖယ်ရှားရှင်းလင်းပေးနိုင်ပါတယ်။

-

ကံကို အလောင်းအစားပြုရတဲ့ လောင်းကစားပြုလုပ်သူတွေ ဖီခြူးလက်ပတ် ဆောင်ထားသင့်ပါတယ်။ ၀တ်ဆင်ပုံတော့

၁။ ဘယ်/ညာလက်မှာပတ်နိုင်ပါတယ်။

၂။ ဖီခြူးရဲ့ခေါင်းကို လက်သန်းဘက်ဦးတည်နေရပါမယ်။

၃။ ထုံးစံအတိုင်း ဆေးရုံ၊ သုဿာန်၊ မီးနေသည်အိမ်၊ နာရေးအိမ်မယူရပါဘူး။

၄။ ညအိပ်တဲ့အခါ၊ ရေချိုးတဲ့အခါချွတ်ထားရမယ်။ ချွတ်ထားတဲ့အခါ ဖီခြူးရဲ့ခေါင်းကို တံခါးဝဘက် လှည့်ထားရပါမယ်။

၅။ သိမ်းတဲ့အခါ သန့်ရှင်းတဲ့နေရာမှသာသိမ်းဆည်းပါ။



ကိုးကား/ ဆရာမ အေးမြတ်ကြိုင်(ကြိုင်လေး)

Post a Comment

Previous Post Next Post