ဆီဆိုင်မြို့သိမ်းတိုက်ပွဲများ နောက်ဆုံးအခြေအနေ

Views


NCA ကို သစ္စာဖောက်ခဲ့တဲ့ PNLO က ခွန်သူရိန်က ဆီဆိုင်မြို့သိမ်းဖို့ ကယန်း၊ ပဒေါင် KNDF နဲ့ ပူးပေါင်းပြီး ဆီဆိုင်၊ ဟိုပုန်းမြို့နယ်တွေအတွင်း တိုက်ပွဲတွေ ဖော်ဆောင်ခဲ့ပါတယ်။

-

ခွန်သူရိန်အဖွဲ့ရဲ့ လုပ်ဆောင်ချက်ကြောင့် တည်ငြိမ်အေးချမ်းတဲ့ ပအိုဝ်းနယ်မြေမှာ စစ်ပွဲတွေ ပြန်လည်ဖြစ်ပွားလာခဲ့ပြီး မြို့ရွာတွေ ပျက်စီး၊ ဒေသခံပြည်သူတွေ စစ်ဘေးသင့်ခဲ့ရပါတယ်။

-

ဒါ့အပြင် KNDF၊ PDF တပ်ဖွဲ့ဝင် ကယန်း၊ ပဒေါင်တွေဟာ PNO အဖွဲ့ကို ထောက်ခံအားပေးတဲ့ ပအိုဝ်းကျေးရွာတွေကို မီးရှို့ဖျက်ဆီးခြင်း၊ ရွာသား‌တွေကို သတင်းပေးအဖြစ် ဖမ်းဆီး -တ်ဖြတ်ခြင်းတွေ ရက်ရက်စက်စက်ပြုလုပ်မှုတွေကြောင့် ပအိုဝ်းလူမျိုးတွေဟာ KNDF တပ်ဖွဲ့တွေကို ကြောက်လန့်ရွံရှာသလို KNDF အဖွဲ့ကို ခေါ်ဆောင်လာတဲ့ PNLO အဖွဲ့ကိုလည်း ဆန့်ကျင်ခဲ့ကြပါတယ်။

-

ဒါ့ကြောင့် PNLO အဖွဲ့ခေါင်းဆောင် ခွန်သူရိန်က ဒေသခံပြည်သူတွေကို တောင်းပန်စာထုတ်လိုက်၊ ခြိမ်းခြောက်စာထုတ်လိုက် လုပ်နေရပြီး ပြည်သူလူထု မထောက်ခံလို့ ဆီဆိုင်မြို့မသိမ်းနိုင်ဘဲ ဆုတ်ခွာထွက်ပြေးနေရသလို KNDF တွေ အကျအဆုံး များပြားနေပါတယ်။

-

အထူးသဖြင့်တော့ KNDF နဲ့ PNLA တပ်တွေရဲ့ တပ်လှုပ်ရှားမှုသတင်းတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ရရှိနေပြီး လက်နက်ကြီး၊ ဒရုန်းများဖြင့် ထိရောက်စွာတိုက်ခိုက်နေမှုကြောင့် ထိခိုက်ကျဆုံးမှုများနေတဲ့ KNDF တွေက PNLO အပေါ် သံသယဖြစ်နေပြီး ပအိုဝ်းနယ်မြေမှ ဆုတ်ခွာရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။



#တိုက်ပွဲသတင်းစုံ

Post a Comment

Previous Post Next Post