စံနမူနာယူရမယ့် အစ္စရေးနိုင်ငံရဲ့ စစ်မှုမထမ်းမနေရစနစ်

Views


ရန်သူ‌တွေဝိုင်းနေတဲ့ အစ္စရေးမှာ

ယောက်ျားလေး ၂ နှစ် ၈ လ

မိန်းခလေး ၂ နှစ် စစ်မှုထမ်းရတယ်။



ရန်သူတွေဝိုင်းနေပြီး အခု ဟားမက်စ်နဲ့ စစ်ဖြစ်နေလို့

ကျား/မ အကုန်လုံး ၃ နှစ်စီတာဝန်ထမ်းဆောင်ဖို့

ထပ်တိုးအမိန့်ထုတ်ထားတယ်



သူတို့ရဲ့ အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်တော့

အသက်အရွယ်အရ အကြုံးဝင်သူတိုင်း

တက်တက်ကြွကြွ လိုက်ပါလုပ်ဆောင်ကြတယ်…



မိဘတိုင်းကလည်း

သူတို့လူငယ်ဘဝမှာ ဖြတ်သန်းခဲ့ပြီးဖြစ်လို့

စိတ်ပူပန်မှုမရှိပဲ နိုင်ငံသားတိုင်းရဲ့ တာဝန်ဆိုတာကို

လက်ခံလိုက်နာကျင့်သုံးကြတယ်။



ဒီစနစ်နဲ့ မယဉ်ပါးသေးတဲ့ မြန်မာနိုင်ငံမှာတော့

လူငယ်တွေက မလုပ်ချင်သလို

မိဘတွေဘက်ကလည်း စိုးရိမ်ပူပန်မှုတွေ

မြင့်တက်နေပါတယ်။



ရန်သူတွေများနေပြီး ပြည်ထောင်စုပြိုကွဲနိုင်တဲ့

အန္တရာယ်ကြောင့်

တပ်မတော်အင်အားရှိဖို့ လိုနေချိန်မှာ

အမျိုးသားရေးစိတ်ဓာတ်အားနည်းမှုကြောင့်

မြန်မာနိုင်ငံရဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကို

ဆန့်ကျင်ကန့်ကွက်‌နေကြပြီး

ကြောက်လန့်နေမှုတွေဟာ

အရှိန်အဟုန် မြင့်တက်နေကြပါတယ်။



အစ္စရေးနိုင်ငံသားတွေလို

“ငါတို့နိုင်ငံမပျောက်ကွယ်ဖို့ ငါတို့လုပ်မှရမယ်ဆိုတဲ့”

စိတ်မျိုး မြန်မာနိုင်ငံသားတွေကိန်းအောင်းလာရင်

ဒီနေ့ဖြစ်ပေါ်နေတဲ့ အသက်အရွယ်အရ

အကြုံးဝင်နေသူတွေ

စစ်မှုထမ်းဆောင်ရေးဆိုတာ

ပြဿနာကြီးတစ်ရပ်မဟုတ်တော့ပဲ

နိုင်ငံသားတိုင်းရဲ့ တာဝန်တစ်ခုကို

ပုံမှန် ထမ်းဆောင်ခြင်းပဲ ဖြစ်တယ်ဆိုတာ

နားလည်လာကြပါလိမ့်မယ်.......

Post a Comment

Previous Post Next Post