“သုံးရက်အတွင်း ပိုင်ရှင်မဲ့အမျိုးသားအလောင်း ၄ လောင်းတွေ့ရှိ”

Views


မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သုံးရက်အတွင်း ပိုင်ရှင်မဲ့ အမျိုးသားအလောင်း လေးလောင်း တွေ့ရှိခဲ့ကြောင်း ဒေသခံကယ်ဆယ်ရေးအဖွဲ့များထံမှ သိရှိရပါသည်။

-

မတ်လ ၂၁ ရက်နေ့က သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ ရေတွင်းဟောင်းအတွင်း ပြုတ်ကျသေဆုံးနေသော ပိုင်ရှင်မဲ့အမျိုးသားတစ်ဦး၏ ရုပ်အလောင်း၊ မတ်လ ၂၁ ရက်နေ့ ညနေပိုင်းတွင် ကော့သန်ကျေးရွာ အုတ်ဖိုကန်အတွင်း ရေနစ်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်း၊ မတ်လ ၂၂ ရက်နေ့တွင် ကော့သန်၊ အောင်ကန်သာလမ်းဘေး လယ်ကွင်းအတွင်း သေဆုံးနေသည့် အသက် ၄၀အရွယ် အမျိုးသားတစ်ဦး၏ ရုပ်အလောင်း၊ မတ်လ ၂၃ ရက်နေ့ နံနက်အစောပိုင်းတွင် ကြေးသွန်းဘုရားဝင်းအတွင်း အမည်မသိ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေရှိခဲ့ကြောင်းနှင့် တွေ့ရှိခဲ့သော ရုပ်အလောင်းများကို သထုံမြို့မှ ဒေသခံကယ်ဆယ်ရေးအဖွဲ့များက သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-အဖြူရောင်နှလုံးသား ကယ်ဆယ်ရေးအသင်း
Saw Ba Maung

Post a Comment

Previous Post Next Post