ဘီလူးလက်သံ တညံညံ

Views


ဘီလူးတို့လက်သံကတော့တညံညံပါပဲ။ ဘီလူးစစ်ကြောင်းဆိုတာ အားလုံးသိပြီးတဲ့အတိုင်း တပ်ရင်း ၈ ရင်းပေါင်းပြီး စစ်ကြောင်းတစ်ခုလုံးမှာ အမိန့်ပေးကွပ်ကဲနိုင်တဲ့ အရာရှိ ၂၅ ဦးအထက်ပါဝင်ကာ စိတ်ကြိုက်လုပ်ပိုင်ခွင့်ပေးထားပြီး ပြတ်သားစွာချေမှုန်းခွင့်ရရှိထားတဲ့ စစ်ကြောင်းတစ်ခု။

-

ဖြစ်စဉ်ကတော့ ၂၀၂၄ ခုနှစ် မတ်လ ၁၀ ရက်နေ့ ညနဲ့ မတ်လ ၁၁ ရက်နေ့ မှာတော့ ရေဦးမြို့နယ် ရေလည်ကျွန်းကျေးရွာကို ဘီလူးစစ်ကြောင်းဟာ မြေပြင်စစ်ကြောင်းထိုးဝင်ရောက်လာပြီး အဲ့ဒီကတဆင့် မတ်လ ၁၂ ရက်နေ့မှာ ရေဦးမြို့ပတ်ဝန်းကျင်မှာ အဖျက်အမှောက်လုပ်ငန်းများ လုပ်ဆောင်နေတဲ့ ပဒက်တွေရဲ့ နောက်ကျောကို ပိတ်ဆို့နှိမ်နင်းနိုင်ခဲ့ပါတယ်။

-

မြို့လုံခြုံရေးအဖွဲ့တွေကို အင်အားအလုံးအရင်းနဲ့ မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ ပဒက်တွေကရဲ့ နောက်ကျောကနေမထင်မှတ်ဘဲ ရုတ်ချည်းတိုက်စစ်ဖော်ဆောင်ကာ ဝင်ရောက်လာတဲ့ ဘီလူးစစ်ကြောင်းနှင့် ရေဦးပဒက်တို့ တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့ပြီး နောက်ဆုံးမိမိဘက်အထိအခိုက်မရှိ အောင်ပွဲရရှိခဲ့ပါတယ်။

-

ဘီလူးစစ်ကြောင်းရဲ့ ထိုးစစ်ပုံစံဟာ စစ်ကြောင်းမှူးကို လုပ်ပိုင်ခွင့်အပြည့်ပေးထားခြင်း၊ တိုက်ပွဲ လုပ်ပိုင်ခွင့်ကို အပြည့်အဝဆုံးဖြတ်နိုင်ခွင့်ရရှိထားတဲ့အတွက် အောင်မြင်မှုတွေ ဆက်တိုက်ရရှိနေတာ ဖြစ်ပါတယ်။ ဒီထက်မကအောင်မြင်ပါစေ "ဂုဏ်ယူပါတယ် ဘီလူးတို့"

1 Comments

  1. မှားနေတယ် ရေဦးမဟုတ်ပါဘူး ကနီပါဗျ

    ReplyDelete
Previous Post Next Post