ဘူးလက်လှဆွေ ရေးတဲ့စာ

Views


ကျနော့်သားသမီးအရင်းတွေထဲမှာ စစ်မှု့ထမ်းခြင်းနဲ့အကြုံးဝင်တာ ၂ ယောက်ရှိတယ်၊ သားအကြီး ( အထွေထွေရောဂါကု ဆရာဝန် ) ရယ် ၊ သမီးလတ် ( အစိုးရအဖွဲ့ရုံး လက်ထောက်ညွှန်မှုး ) ရယ် ဖြစ်ပါတယ်။

-

ကျနော့်သားသမီးတွေအပါအဝင် ကျနော့်ရုံးအဖွဲ့က လုပ်ဖော်ကိုင်ဘက် များ၏ စစ်မှု့ထမ်းခြင်းနှင့် အကြုံးဝင်သော သားသမီးအရင်း ၂၁ ဦးရဲ့အမည်စာရင်းကို တိုင်းစစ်ဌာနချုပ်က A-Colonel ထံသွားပေးတော့ လောလောဆယ် နည်းဥပဒေမထွက်သေးလို့ မလိုအပ်သေးပါဘူးလို့ ပြန်ပြောပါတယ်။

-

ရပ်ကွက်ထဲမှာကောက်တာကတော့ အကြုံးဝင်သူအမည်စာရင်းပါ၊ လောလောဆယ် စစ်တပ်ထဲမှာ တပ်သား အဖြစ်အမှု့ထမ်းခြင်ရင် စစ်သားစုဆောင်းရေးတပ်ကိုသာ ဝင်ရမှာပါ။

-

ပြည်သူ့စစ်ဆိုတာကတော့ မိမိရပ်ကွက် မိမိရွာ လုံခြုံရေးအတွက် ၂ ပါတ်သင်တန်းဆင်းပြီး လက်နက်ထုတ် ကင်းစောင့် တဲ့အဆင့်ဖြစ်ပါတယ်။

-

တကယ့်စစ်မှုထမ်း မဝင်မနေရဥပဒေကြီးမှာ နည်းဥပဒေမထွက်သေးလို့ ကျနော်တို့လို ဇွတ်လိုက်ချင်လို့ စာရင်းသွားပေးတာတောင် စစ်တပ်က လက်မခံသေးပါဘူး။

-

နည်းဥပဒေ အမြန်ဆုံးထွက်ဖို့မျှော်လင့်ပါတယ်။ ကျန်တဲ့ ကောလဟလ တွေကတော့ နဂါးပူးတယ်ဆိုတဲ့ ဟာသ တစ်ခုလိုသာသဘောထားပါတယ်။

ပုံ/

ဘုလက်

Post a Comment

Previous Post Next Post