Views
United လေကြောင်းလိုင်းက
ဘိုးရင်း ၇၇၇-၂၀၀ လေယာဉ်ဟာ ဆန်ဖရန်စစ္စကိုလေဆိပ်ကနေ ထွက်ခွာစဉ်မှာ တာယာတလုံး ပြုတ်ကျမှုဖြစ်ပွားခဲ့ပါတယ်။
မနေ့က ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လေကြောင်းလိုင်းကတော့ သူတို့ရဲ့ လေယာဉ်ဟာ တာယာတွေပျက်စီးနေရင်တောင်
ဒါမှမဟုတ် ပြုတ်ကျခဲ့ရင်တောင်မှ ဆင်းသက်နိုင်ဖို့ရာ ဒီဇိုင်းထုတ်ထားတယ်လို့ ဆိုပါတယ်။
အဆိုပါလေယာဉ်ဟာ လော့အိန်ဂျလိစ် လေဆိပ်ကို ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့တယ်လို့
သိရပါတယ်။ တာယာပြုတ်ကျခဲ့တာကြောင့် လေဆိပ်ရပ်နားရာနေရာကို ပြုတ်ကျခဲ့ပြီး ကားအများအပြား
ပျက်စီးခဲ့ပါတယ်။
NOM