တပ်မ ၃၃ ဟုခေါ်သည်

Views


သောင်းကျန်းသူတွေ အင်နဲ့အားနဲ့ တိုက်ခဲ့တဲ့ နေရာဒေသ လတ်တလောမှာ ၄ နေရာရှိတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တွေမှာ ပထမနှင့် ဒုတိယ ဖြစ်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တွေမှာ စခန်းငယ်တွေပြန်ပေါင်း ခံစစ်ပြန်ဆင်ပြီး လုပ်ဆောင်ခဲ့ကြတယ်။

-

ကရင်ပြည်နယ်မှာတော့ နယ်မြေခံတပ်တွေနဲ့ စစ်ကူစစ်ကြောင်း လေကြောင်းပစ်ကူ လက်နက်ကြီး ပစ်ကူ ပေါင်းစပ်ပြီး ခံစစ်နဲ့ တန်ပြန် တိုက်စစ်ကို အသုံးပြုတယ်။

-

ပြောချင်တာကတော့ ကချင်ပြည်နယ် ထင်မထားအောင်လုပ်ပြလိုက်တာက တပ်မ ၃၃၊ ကေအိုင်အေ တွေလာမတိုက်ခင်ကတည်းက တပ်ဖျောက်ထားပြီး အဆင်သင့်ပြင်ထားတယ်။ ကိုယ်က စမတိုက်ဘူး ကေအိုင်အေတွေက ၀၃၀၇ ဆိုပြီး စလည်းတိုက်ရော နယ်မြေခံတပ်တွေက အခိုင်အမာခံစစ်ဆင်ပြီး တပ်မ ၃၃ က တပ်ဖျောက်ထားရာကနေ တိုက်စစ်အသွင်ပြောင်း လေကြောင်းပစ်ကူ လက်နက်ကြီးပစ်ကူ တိတိကျကျ စီမံချက်အတိုင်း လှုပ်ရှားသွားတာ အပိုအလိုမရှိကွက်တိ။ လေကြောင်းပစ်ကူ လက်နက်ကြီး ပစ်ကူအတွက် ရန်သူ့ တည်နေရာတွေကို မှတ်ပုံတင်ထားတာ A4 ရှစ်ရွက်စာရှိတယ်။

-

လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူက ပစ်မှတ်မှတ်ပုံတင်ထားတဲ့အတိုင်း အတိအကျ ပြောတဲ့ နေရာကိုတွယ်ရုံပဲ .. မနေ့ကတနေ့လုံး ပစ်ကူတိကျချက်က ပေကြိုးနဲ့ သွားတိုင်းရင်တောင် လွဲရင်လွဲနေဦးမယ်။

-

တပ်မတော်မှာ တကယ်ကို စစ်သားပီသစွာ စစ်တိုက်နေတဲ့ တပ်မမှူးတစ်ယောက်နှင့် ရဲစွမ်းသတ္တိအပြည့်ရှိတဲ့ လက်အောက်ငယ်သားတွေနဲ့ ကဲ..... မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အတွက် ဘာလိုသေးလဲ ။

အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ် အား

ဂုဏ်ယူစွာဖြင့်-

၂၀၂၄ မတ် ၁၃

Credit ပေတိုးမီဒီယာ

2 Comments

Previous Post Next Post