" မှတ် တမ်း တင် ခံ နေ တာ လား "

Views


နိုင် ငံ တွေ လူ မျိုး တွေ က သ မိုင်း မှတ် တမ်း တင် ပ ဋိ ပ က္ခ မ ဖြစ် သင့် ဘူး ။

-

အ ခု ဆို ရု ရှား ယူ က ရိန်း က သ မိုင်း မှတ် တမ်း တင် ရန် ဘက် ဖြစ် သွား ပြီ ။

-

က မ္ဘာ မှာ သ မိုင်း မှတ် တမ်း တင် အ မုန်း ပွား ရန် ညိုး ထား ကြ တဲ့ သူ တွေ ရှိ ခဲ့ ကြ တယ် ။ ဥ ပ မာ ခ ရူး စိတ် စစ် ပွဲ တွေ လို မ တူ ညီ မှု က နေ စစ် မက် တွေ ဖြစ် ပြီး သ မိုင်း တစ် လျောက် ရန် ဖြစ် နေ ကြ တာ ခု ထိ မ ပြီး နိုင် ကြ သေး ဘူး ။

-

အ စ္စ ရေး ပါ လက် စ တိုင်း တို့ လည်း ခ ရူး စိတ် လို က တစ် ဆင့် သ မိုင်း ချီ ရန် ဖြစ် ခဲ့ ကြ တာ ပဲ ။

-

တ ချို့ နိုင် ငံ တ ချို့ လူ မျိုး တွေ ကို အ မည် ပျက် စာ ရင်း သွင်း ပြီး ခေတ် အ ဆက် ဆက် ဆန့် ကျင် ခဲ့ ကြ တာ တွေ ရှိ တယ် ။ ဥ ပ မာ မြန် မာ နိုင် ငံ ဘု ရင် အ ဆက် ဆက် ပေါ် တူ ဂီ လူ မျိုး တွေ ကို Black list သွင်း ပြီး အ ဆက် အ ဆံ မ လုပ် ခဲ့ ကြ ဘူး ။

-

ပေါ် တူ ဂီ တွေ က မြန် မာ နိုင် ငံ ရ ခိုင် ဖက် မှာ ဆိုး သွမ်း တဲ့ လူ တွေ မွေး ပြီး ဒေ သ ခံ တွေ ကို အ နိုင် ကျင့် အုပ် ချုပ် ခဲ့ ကြ ဖူး သေး တယ် ။

-

င ဇင် ကာ တို့ ဒု တိ ယ မြန် မာ နိုင် ငံ ပြို ကွဲ အောင် လုပ် ခဲ့ ကြ တဲ့ အ ပြင် မြန် မာ မြေ မှာ မြန် မာ့ ဓ လေ့ ထုံး စံ တွေ ကို ဖျက် စီး ခဲ့ ကြ လို့ ပါ ။

-

ပေါ် တူ ဂီ တွေ ကို အိ န္ဒိ ယ က လည်း မုန်း တီး ခဲ့ ကြ တယ် ။ ၁၅ ရာ စု လောက် က အိ န္ဒိ ယ ကို ပေါ် တူ ဂီ တွေ သိမ်း ပိုက် တာ မှာ ကြမ်း တမ်း ပြီး လူ သား မ ဆန် ခဲ့ ကြ လို့ ။

-

အ လား တူ ပဲ ကို ရီး ယား တွေ ကို လိင် ကျွန် လုပ် ခဲ့ တဲ့ ဂျ ပန် ကို လည်း ကို ရီး ယား တို့ မ ကျေ နပ် ကြ တာ ခု ထိ ပဲ ။ တ ရုတ် တို့ လည်း နန် ကင်း အ ရေး အ ခင်း တို့ အ ပါ အ ဝင် အ လား တူ ဂျ ပန် အ ပေါ် ဖြစ် ခဲ့ ကြ ဖူး တယ် ။

-

အဲ့ လို သ မိုင်း မှာ မှား ယွင်း ခဲ့ တဲ့ အ ပြု အ မူ တွေ ကြောင့် နိုင် ငံ တစ် ခု လူ မျိုး တစ် စု မှာ ဒဏ် ရာ ဖြစ် သွား ရင် လုပ် တဲ့ နိုင် ငံ တွေ ကို ခံ ရ တဲ့ နိုင် ငံ တွေ က မှတ် သွား ကြ တယ် ။

-

အ စိုး ရ ချင်း သံ တ မန် ဆက် ဆံ ရေး အ ရ ပေါင်း သင်း ရ ရင် တောင် အောက် ခြေ ပြည် သူ တွေ ဆီ က နွေး ထွေး တဲ့ ဆက် ဆံ ရေး မ ရ နိုင် တော့ ဘူး ။

-

ခံ ရ တဲ့ နိုင် ငံ က လူ တွေ က မ ပြူ ငှာ မ နွေး ထွေး တော့ ဘူး ။ စီး ပွား ရေး အ လုပ် လာ လုပ် ရင် လည်း မ ချော မွေ့ တော့ ဘူး ။

-

လက် ရှိ မြန် မာ နိုင် ငံ မှာ သ မိုင်း တစ် ကွေ့ အ ဖြစ် အ ပျက် တွေ ဖြစ် နေ တယ် ။ မြန် မာ တွေ အား လုံး လည်း သ တိ ပြု စောင့် ကြည့် နေ ကြ တယ် ။

-

ထောက် ခံ တဲ့ ဖက် အ မျိုး မျိုး ရှိ လို့ ခံ ယူ ချက် အ မျိုး မျိုး နဲ့ ကြည့် နေ ကြ ပေ မယ့် မြန် မာ နိုင် ငံ ပြို ကွဲ သွား မ လား လို့ စောင့် ကြည့် နေ ကြ တာ က တော့ အား လုံး အ တူ တူ ဖြစ် နေ တယ် ။

-

ဘယ် လို ပုံ နဲ့ မြန် မာ နိုင် ငံ ပြို ကွဲ မ လဲ ဆို ရင် လက် နက် ကိုင် တွေ နယ် မြေ ချဲ့ ထွင် သိမ်း ပိုက် ပြီး သူ တို့ ပိုင် နယ် မြေ လို စိတ် ကြိုက် ဥ ပ ဒေ ထုတ် အုပ် ချုပ် ရင် မြန် မာ နိုင် ငံ ပြို ကွဲ ပြီ လို့ အ ကြမ်း ဖျဥ်း ယူ ဆ လို့ ရ ပါ ပြီ ။

-

လက် ရှိ အ ချိန် မှာ ရှမ်း ပြည် မြောက် ပိုင်း ကိုး ကန့် တို့ အဲ့ လို ပုံ စံ စ လုပ် လာ တယ် ။

-

အဲ့ လို ဖြစ် စေ အောင် ဘယ် သူ တွေ ကူ ညီ နေ ခဲ့ လဲ ဆို တာ ကို မြန် မာ တွေ စောင့် ကြည့် နေ ကြ တယ် ။

-

ဘယ် သူ နဲ့ ဘယ် လို ပြ ဿ နာ တွေ ဖြစ် ဖြစ် မြန် မာ အ များ စု က ထိုင် နေ တတ် ကြ ပေ မယ့် မြန် မာ နိုင် ငံ အ ချုပ် အ ခြာ အာ ဏာ ပဲ့ ထွက် သွား တာ ကို တော့ ဘယ် မြန် မာ မှ မ လို လား ဘူး ။ အ ခွင့် ရ ရင် ပြန် တုံ့ ပြန် ကြ မယ့် လူ မျိုး တွေ ချည်း ပဲ ။

-

တ ရုတ် နိုင် ငံ က က မ္ဘာ ပေါ် မှာ အ ကြီး မား ဆုံး စား သုံး သူ ဈေး ကွက် ကြီး ရှိ တယ် နိုင် ငံ တွေ အ တွက် စီး ပွား ရေး ဆက် ဆံ လို့ ကောင်း တယ် ဆို ပေ မယ့် မြန် မာ နိုင် ငံ အ တွက် တ ကယ် အ ကျိုး ရှိ မ ရှိ လေ့ လာ မိ တယ် ။

-

အ စဉ် အ ဆက် တ ရုတ် တို့ မြန် မာ နိုင် ငံ နဲ့ ပတ် သက် ရင် သူ တို့ အ တွက် သာ သူ တို့ လုပ် ခဲ့ ကြ တာ များ တယ် ။ တ ရုတ် တို့ နဲ့ ဆက် ဆံ ရ တာ မြန် မာ အ ကျိုး ရ တာ နည်း ပြီး ပြန် ပေး ရ တာ များ နေ တယ် ။

-

ခု လည်း တ ရုတ် တို့ လုပ် ရပ် ကို မြန် မာ အ များ စု သ တိ ထား ကြည့် နေ ကြ တယ် ။

-

တ ရုတ် တို့ မြန် မာ တွေ အ မည် ပျက် စာ ရင်း သွင်း ခံ လိုက် ရ မှာ မျိုး ထိ ဖြစ် အောင် မ လုပ် မိ ဖို့ သ တိ ထား ဖို့ လို တယ် ။ အောက် ခြေ မှာ ဖြစ် နေ တာ တွေ က သာ မန် ပြည် သူ တွေ တွေး ထား သ လို တစ် ဆင့် ပြီး တစ် ဆင့် ဖြစ် လာ နေ တယ် ။

-

တ ရုတ် တို့ ကိုယ် လုပ် တာ မ ဟုတ် ဘူး ဆို လည်း သိ သာ ထင် ရှား အောင် ဆောင် ရွက် သင့် တယ် ။

-

ဒီ အ တိုင်း သွား ရင် တော့ သ မိုင်း နဲ့ ချီ ပြီး မှတ် တမ်း တင် ခံ ရ မှာ ပဲ ။



မိုး တင့် ဆွေ( ရန် ကုန် တ က္က သိုလ် )

Post a Comment

Previous Post Next Post