Views
အစိုးရက ဘာလုပ်လုပ် ဖောင်းထုမယ်ဆိုပြီးတွေးနေတဲ့ ငပိန်းတွေကို ပြောချင်တာတစ်ခုရှိတယ်... ပြည်သူ့ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး ပြည်ပကိုရောက်နေတဲ့ ဝရမ်းပြေးတွေရော ပြည်တွင်းမှာရှိတဲ့ အကြမ်းဖက် အားပေးတွေပါ.. လူငယ်တွေ ထင်ရောင်ထင်မှားဖြစ်အောင် နည်းမျိုးစုံနဲ့ ပြောနေကြတာ မြင်လို့တောင် မကောင်းဘူး...
-
ဒါပေမယ့် အကြမ်းဖက်သောင်းကျန်းသူ MNDAA အဖွဲ့ရဲ့ လက်နက်နဲ့ခြိမ်းခြောက်ပြီး ဒေသခံပြည်သူတွေကို အတင်းအဓမ္မ လူသစ်စုနေတာတွေကိုကျတော့ ပြည်တွင်းပြည်ပမှာရှိတဲ့ အကြမ်းဖက်အားပေးတွေနဲ့ ပြည်ဖျက်မီဒီယာတွေက ဘာအသံမှမထွက်ဘဲ ငြိမ်နေကြတယ်....
-
အကြမ်းဖက်သောင်းကျန်းသူ MNDAA အဖွဲ့ရဲ့ လုပ်ရပ်က ဘယ်လောက်တောင် မိုက်ရိုင်းလိုက်သလဲ.... ခြိမ်းခြောက်ပြီး လူသစ်စုနေတာတင် မကဘဲ နေရပ်ပြန်လာတဲ့ ပြည်သူတွေရဲ့ ဖုန်း၊ ကားနဲ့ ငွေတွေကိုပါ ဓားပြတိုက် သိမ်းပိုက်ကြသေးတာ... ဒီလောက် မိုက်ရိုင်းပြီး လက်နက်အားကိုးနဲ့ ပြည်သူတွေအပေါ် လုပ်ချင်တိုင်းလုပ်နေတဲ့ MNDAA အဖွဲ့ရဲ့ လုပ်ရပ်တွေကိုကျတော့ ပြည်တွင်း ပြည်ပက အကြမ်းဖက်အားပေးတွေရော ပြည်ဖျက်မီဒီယာတွေကပါ မမြင်ချင်ယောင် ဆောင်နေကြတာလား??? ဒါမှမဟုတ် ဘာမှမပြောရဲလို့ ငြိမ်နေကြတာလား???