“အစိမ်းရောင် ခြံစည်းရိုးလေးများ”

Views


သူတို့လေ ..
အဖိုးဖြတ်မရတဲ့ အသက်ကို နိုင်ငံ အတွက်ပေးအပ်ထားတယ်။
-
သူတို့လေ ..
မိသားစုရှိလျှက် တိုင်းပြည်အတွက် အလုပ်လုပ်ပေးနေတယ်။
-
သူတို့လေ ..
မိဘဈာပနကို တာ၀န်ဆိုတာနဲ့မျက်နှာလွှဲ လိုက်ကြတယ်။
-
သူတို့လေ ..
အနာဂါတ်ကို ဥပေက္ခာပြုပြီး တိုင်းပြည်အတွက်
တာဝန်အပြည့် လွယ်ထားလိုက်ကြတယ်။
-
သူတို့လေ ..
အိုစာမင်းစာ မပြောနဲ့ နောင်ရေး မတွေးအားဘူး။
-
သူတို့လေ ..
လူလူချင်းတူလျှက် လူ့ဘဝရဲ့ ရဿကို ပြည့်စုံစွာ မခံစားကြဘူး။
-
သူတို့လေ ..
နောက်ဆုံး နှုတ်ဆက်ချိန်တောင် မြေပုံလေးနဲ့ ကျေနပ်နေပြီး
ကဗ္ဗည်းထိုးဖို့ မပြည့်စုံခဲ့ဘူး။
-
သူတို့လေ ..
ကြမ်းတမ်းတဲ့ ဘဝကို ကျေနပ်နေပြီး
ဖြည့်စွက်ပေးဖို့ မတောင်းဆိုခဲ့ကြဘူး။
-
သူတို့ပေါ့ ..
စစ်ခွေးလို့ခေါ်တဲ့ အစိမ်းရောင် ခြံစည်းရိုးလေးတွေလေ။
-
အစိမ်းရောင် ခြံစည်းရိုးလေး
၁ ချောင်းကျိုးတယ် ပြဿနာမရှိသေးဘူး။
၂ ချောင်းကျိုးတယ် ကိစ္စမရှိသေးဘူး။
၃ ချောင်း၊ ၄ ချောင်း၊ မြေကွက် ၁ ကွက်လောက်သာ
ဆုံးရှုံးခဲ့ရင် ဒီ အစိမ်းရောင် ခြံစည်းရိုးလေးတွေအစား
စစ်ခွေးလို့ ခေါ်နေတဲ့ သူတို့က ဝင်ရောက် ဖြည့်စွက်
မပေးရဲဘူး။ သူတို့ အသက် မပေးရဲဘူးလေ။
-
အစိမ်းရောင် ခြံစည်းရိုးဆိုတာ
လွယ်ကူစွာ ဖြစ်လာတာ မဟုတ်တဲ့
အဖိုးတန် ရတနာလေးတွေပါ။
(ကေတီ)

1 Comments

  1. အရမ်းကောင်းတဲ့ စာသားလေးပါ။ အရမ်းလည်း မှန်ကန်တဲ့ စာသားလေးတွေ ကိုဖတ်ရတဲ့ အတွက် အရမ်းကျေနပ်ပါတယ်

    ReplyDelete
Previous Post Next Post