Views
ဆန္ဒပြခဲ့တဲ့ ဆရာဝန်ပေါင်း ၉၀၀၀ ကို ဥပဒေအရ အရေးယူဖို့အတွက် တောင်ကိုရီးယားက စတင်လုပ်ဆောင်နေပါပြီ။ အစိုးရဆေးကျောင်းတွေမှာ မူဝါဒပြောင်းလဲတာနဲ့ပတ်သက်ပြီး ဆရာဝန်တွေက ဆန္ဒပြခဲ့ရာမှာ အများသူပြည်သူကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေကိုပါ ထိခိုက်ခဲ့တယ်လို့ အစိုးရက ယူဆခဲ့ပါတယ်။
ဒါကြောင့် စစ်တပ်ဆရာဝန်တွေကို ဆေးရုံကြီးတွေဆီ ပို့ဆောင်ခဲ့ရပြီး ခွဲစိတ်ကုသမှုတချို့ကို ဖျက်သိမ်းခဲ့ရတယ်လို့လည်း သိရပါတယ်။ ဆန္ဒပြသူတွေအနေနဲ့ အလုပ်ပြန်မဝင်ဘူးဆိုရင် ဆေးကုသခွင့်လိုင်စင်နဲ့ ဒဏ်ငွေချမှတ်တာ ဒါမှမဟုတ် ထောင်ဒဏ်အထိကျခံရမယ်လို့လည်း အစိုးရက သတိပေးခဲ့ပါတယ်။
NOM