အမျိုးသားစစ်မှုထမ်းစနစ်တွင် ရဲဝံ့တက်ကြွစွာပါဝင်ထမ်းရွက်

Views


ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုပြီးခဲ့ချိန်မှစ၍ ယင်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးမှုများကို မီဒီယာများမှတစ်ဆင့် ပြုလုပ်ခဲ့သလို ရုံးဌာနများ၊ တက္ကသိုလ်များ၊ ကျေးရွာများ အရောက်ရှင်းလင်းဆွေးနွေး အသိပညာပေးခြင်း၊ လူစည်ကားရာနေရာများတွင် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို သက်ဆိုင်ရာ တို့က စဉ်ဆက်မပြတ် ပြုလုပ်ပေးလျက်ရှိသည်။

-

မီဒီယာများက တရားဝင်ထုတ်ပြန်သည့် မှန်ကန်ခိုင်မာသော သတင်းအချက်အလက်များထက် ကောလာ ဟလများကသာ လျင်လျင်မြန်မြန် ပျံ့နှံ့သောကြောင့် ပြည်သူလူထုအတွင်း ရိုက်ခတ်မှုလည်း ဖြစ်ပေါ် လျက်ရှိသည်။

-

ပြည်သူ့စစ်မှုထမ်း နည်းဥပဒေများ စနစ်တကျ ရေးဆွဲပြီးချိန်မှသာ စစ်မှုထမ်းစနစ် စတင်မည်ဖြစ်ပြီး အသက်အရွယ်အကျုံးဝင်သူများကို အတင်းအဓမ္မခေါ်ယူတာဝန်ထမ်းဆောင်စေမည်မဟုတ်ဘဲ ပညာသင် ကြား နေသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ မိအိုဖအိုပြုစု လုပ်ကျွေးနေသူများ၊ ဆေးကုသမှုခံယူနေသူများကို ယာယီ ရွှေ့ဆိုင်းပေးထားမည်ဖြစ်ပါသည်။

-

ပြည်သူ့စစ်မှုထမ်းဥပဒေသည် နှစ်ပေါင်းများစွာကတည်းကပင် ပြဋ္ဌာန်းထားခဲ့ခြင်းဖြစ်ပြီး အနာဂတ် တစ်လျှောက်လုံးတွင်လည်း ဆက်လက်တည်ရှိနေမည်ဖြစ်ရာ နိုင်ငံသားတစ်ယောက်အနေဖြင့် ကျေပွန်စွာ ထမ်းဆောင်ကြရမည်ဖြစ်သည်။

-

ဤဥပဒေအား တိမ်းရှောင်ထွက်ပြေး မည်ဆိုပါကလည်း ဥပဒေနှင့်ငြိစွန်းမည်ဖြစ်သည့်အပြင် စစ်မှုထမ်း ရမည့်တာဝန်မှာ ပြေကျေသွားမည်မဟုတ်။ နယ်စပ်ဖြတ်ကျော် အောက်လမ်းမှ ပြေးသူတို့ သူတစ်ပါး နိုင်ငံတွင် တရားမဝင်ခိုးဝင်လာသူများအဖြစ် သတ်မှတ်ခံရမည်ဖြစ်ပြီး စိုးတထိတ်ထိတ်ဖြင့် နေကြရမည် ဖြစ်သည်။

-

သို့ဖြစ်ရာ မိမိတို့အလှည့်ကျလျှင် ရောက်ရှိလာမည့် ၂၄ လကြာ တာဝန်ကို မပျက်မကွက် ထမ်းရွက် ကြခြင်းဖြင့် တာဝန်ကျေပွန်သူ နိုင်ငံသားအဖြစ် တစ်သက်တာ ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်ကြမည်ဖြစ်သည်။

-

ထို့အပြင် ပြည်သူ့စစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ခံစားခွင့်များရှိနေရာ အဆင့် အလိုက်လစာနှင့် စရိတ်ခံစားခွင့်၊ တာဝန်ထမ်းဆောင်စဉ် သေဆုံး/ဒဏ်ရာရရှိပါက ခံစားခွင့်၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက ပြည်သူ့စစ်မှုထမ်းချိန်သည် တာဝန်ချိန်၊ ကုမ္ပဏီ/ ပုဂ္ဂလိက အလုပ်အကိုင်ဖြစ်ပါက စစ်မှုထမ်း ကာလပြီးဆုံးချိန်တွင် မူလအလုပ်အကိုင်/ အလားတူ အလုပ်အကိုင်တို့တွင် ပြန်လည်ခန့်ထားရန် စသည်တို့အပါအဝင် ခံစားခွင့်များ ပြဋ္ဌာန်းထားသည်။

-

မိမိတို့နိုင်ငံတွင် ကာလရှည်ကြာ ပြဋ္ဌာန်းထားခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေသည် ပြည်တွင်း ပြည်ပအခြေ အနေအရပ်ရပ်တို့အရ အာဏာတည်ခဲ့ပြီဖြစ်ရာ နိုင်ငံသားတိုင်းက နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် နိုင်ငံသားတို့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြရန်လိုသည်။

-

လက်ရှိအချိန်သည် နိုင်ငံ၏ကာကွယ်ရေးစွမ်းအား ခိုင်မာတောင့်တင်းအောင် မြှင့်တင်ရန် လိုအပ်လာပြီ ဖြစ်သည့်အလျောက် သမိုင်း၏ တောင်းဆိုချက်အရ ပေါ်ပေါက်လာသော အမျိုးသားစစ်မှုထမ်းစနစ်တွင် ရဲဝံ့တက်ကြွစွာ ပါဝင်ထမ်းရွက် ကြရမည်ဖြစ်ကြောင်း မတ်လ(၁၉)ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ၏ အယ်ဒီတာ့အာဘော်မှ ကောက်နှုတ်ထားပါသည်။



#myanmarfocus

Post a Comment

Previous Post Next Post