မူးယစ်သူပုန် AA

Views


 
AA အကြမ်းဖက်အဖွဲ့က စစ်တွေမြို့သို့ပို့မယ့် ငွေကျပ် ၁ ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို မတ်လ ၂၁ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်... စစ်တွေမြို့နေ AA အဖွဲ့ ထောက်ပံ့ရေးတာဝန်ခံ တရားခံပြေး သန့်ဇင်ဦးက ဘူးသီးတောင်မြို့နေ AA အဖွဲ့ ထောက်ပံ့ရေးတာဝန်ခံ တရားခံပြေး မေယုထွန်းနဲ့ ချိတ်ဆက်ပြီး မူးယစ်ဆေးဝါးများကို ရန်ကုန်မြို့မှတစ်ဆင့် စစ်တွေမြို့နဲ့ ဘူးသီးတောင်မြို့များသို့ ပို့ဆောင်နေကြောင်း တာဝန်သိပြည်သူများရဲ့ သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ စက်မှု(၅)လမ်း၊ အိမ်အမှတ် (၃၀၁)သို့ ဝင်ရောက်စစ်ဆေးရှာဖွေခဲ့ရာမှ မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်ပေးတဲ့ ထွန်းသိန်းအောင်နဲ့ ၎င်းရဲ့ ဇနီးဖြစ်သူ စုမြတ်ဝေတို့ ၂ ဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးတွေကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်...

-

AA အကြမ်းဖက်အဖွဲ့အနေဖြင့် ၎င်းတို့အဖွဲ့ ရပ်တည်နိုင်ရေးနဲ့ လက်နက်/ခဲယမ်းများ ဝယ်ယူဖြည့်တင်း နိုင်ရေးအတွက် အနာဂတ်မျိုးဆက်သစ်လူငယ်များအပါအဝင် လူသားမျိုးနွယ်တစ်ခုလုံးကို အန္တရာယ်ဖြစ် စေတဲ့ မူးယစ်ဆေးဝါးတွေကို ရောင်းဝယ်ဖြန့်ဖြူးပြီး ငွေရှာနေတာဖြစ်ပါတယ်...

-

၂၀၁၆ ခုနှစ်မှ ယနေ့အထိ AA အကြမ်းဖက်အဖွဲ့နဲ့ ဆက်စပ် ပတ်သက်တဲ့ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု (၉)ကြိမ်ရှိခဲ့ပြီး ကာလတန်ဖိုး ၂၉၄.၈၂ ဘီလီယံကျပ်ဖြစ်ကြောင်း သိရပါတယ်...

Post a Comment

Previous Post Next Post