Views
ယနေ့ နံနက် ၉ နာရီခန့်တွင် ပေါက်တော၊ တောင်ဖူးရွာရှိ AA အကြမ်းဖက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီး တစ်လုံး စစ်တွေ၊ ကိုးရီးယားဆိပ်ကမ်းအနီး ရေထဲတွင်ကျရောက်ပေါက်ကွဲခဲ့ကြောင်း မျက်မြင် ဒေသခံများက ပြောကြားသည်။
-
ပင်လယ်ဝတွင် သွားလာနေသော နေဗီသင်္ဘောများကို AA က ပစ်ခတ်ခြင်းဖြစ်နိုင်ပြီး ရေထဲတွင်သာ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ထိခိုက်မှုမရှိဟု ဆိုသည်။
-
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကလည်း AA အကြမ်းဖက်အဖွဲ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်တစ်လုံး အဆိုပါဆိပ်ကမ်းဈေးအတွင်းကျရောက်ပေါက်ကွဲမှုကြောင့် ဈေးအတွင်းရှိ ဒေသခံပြည်သူ ၁၄ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။
-
ဓာတ်ပုံ- ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် AA အကြမ်းဖက်အဖွဲ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်မှုဖြစ်စဉ်ပြပုံ
#MayYuHtarNay