ကျားဘီလူးစစ်ကြောင်း ခေါင်းပဲစားသည် (Warning)

Views


မင်းကင်းမြို့နယ်၊ တင်းဘက်ရွာကိုဝင်တိုက်သော ပဒက်များဆုတ်ခွာသွားသည်။

-

ဂန့်ဂေါ်မြို့နယ်၊ ဟံသာဝတီ ပြည်သူ့စစ်များနှင့် ကျားဘီလူးစစ်ကြောင်းတို့က ရွှေဘိုရွာအပါအဝင် ဆန့်မြို့ရွာကို ဆက်လက်သိမ်းပိုက်ပြီး တောင်ခရမ်းရွာပဒက်ရွာကို လက်နက်အပ်၍ ယခင်လို ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ရန် ၁ ပတ်အချိန်ပေးထားသည်။

-

နှမ်းခါးဘက်ကို ချီတက်နေသော ဟံသာဝတီ ပြည်သူ့စစ်များနှင့် ကျားဘီလူးစစ်ကြောင်းက နှမ်းခါးကိုလည်း ၁ ပတ်အတွင်း လက်နက်အပ်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ကြရန် သတိပေးထားပါသည်။

-

ဟံသာဝတီပြည်သူ့စစ်၊ မြောက်ခရမ်းပြည်သူ့စစ်၊ လယ်ကြီးပြည်သူ့စစ် နှင့် ၁၂ ရွာပေါင်း ပြည်သူ့စစ် အင်အား ၂၀၀၀ နီးပါးသည် ဂန့်ဂေါ်မြို့နယ်အတွင်း ငြိမ်းချမ်းရေးရရှိရန်နှင့် မိမိတို့တမြေတည်းနေ တရေတည်းသောက် ယောသူ ယောသားချင်း မသတ်ဖြတ်ကြရန်၊ ချင်းပဒက်များ ကြီးစိုးခြင်းကို ခံနေကြရသော ယောသူယောသားများကို ၁ ပတ်အချိန်ပေးပြီး စည်းရုံးလျှက်ရှိသည်။

-

ချင်းပဒက်များသည် ယောနယ်ကို ချင်းပြည်နယ်အတွင်း သွတ်သွင်းချင်နေကြပြီး ရိုးသားသော ယောသူ ယောသားများကို အသုံးချနေကြသည်။ ယောပြည်သူ့စစ်များမှာ ယောသူ ယောသာချင်း မတိုက်ခိုက် ချင်သဖြင့် တောင်ခရမ်းရွာနှင့် နှမ်းခါး ပဒက်ရွာများကို လက်နက်များအပ်ပြီး ယခင်လို ငြိမ်းငြိမ်းချမ်းချမ်း ပြန်လည်နေထိုင်ကြရန် သတိပေးနေခြင်းဖြစ်သည်။

-

ယောနယ်အတွင်းမှ ချင်းပဒက်များ၏ ရမ်းကားရက်စက်မှု၊ ချုပ်ကိုင်ထိန်းချုပ်မှုများကို ယောသူယောသား များက ပူးပေါင်းတွန်လှန်ကြရန်နှင့် ယောနယ်ကို ချင်းပြည်ဘယ်တော့မှ အဖြစ်မခံရရေး ယောပြည်သူ့စစ်ရွာများနှင့် ကျားဘီလူးစစ်ကြောင်းတို့က ပူးပေါင်းဆောင်ရွက်နေကြခြင်းဖြစ်သည်။

Post a Comment

Previous Post Next Post