တပ်မတော် Vs TNLA သောင်းကျန်းသူ

Views


TNLA သကသအဖွဲ့သည် ရှမ်းပြည်မြောက်ပိုင်းရှိ ပလောင်လူမျိုးများ၊ ရှမ်းလူမျိုးများ နေထိုင်ရာ ရွာများကို လူသစ်အဖြစ်အဓိကထား စုဆောင်းပြီး လိုအပ်သောအင်အားများကိုလည်း ကျန်မြို့/ရွာများမှ လူသစ်ဆွဲလျက်ရှိသည်။ လူငယ်များအား ၎င်းတို့ကိုယ်တိုင် ရောင်းချဖြန့်ဖြူးလျက်ရှိသော မူးယစ်ဆေးဝါးများ သုံးစွဲသည်ဟု အကြောင်းပြကာ လူဆွဲခြင်း၊ အိမ်ထောင်စုစာရင်းများဖြင့် တိုက်ဆိုင်စစ်ဆေးပြီး အရွယ်ရောက် သူအားလုံးကို အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း၊ ဘုန်းကြီးကျောင်းများအတွင်း ဝင်ရောက်၍ အရွယ်ငယ်သည့် သံဃာတော်များအား သင်္ကန်းချွတ်၍ အတင်းအကြပ် လူသစ်စုဆောင်းခြင်းတို့ကြောင့် ငယ်ရွယ်သူသံဃာအများစုမှာ အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိပါသည်။

-

၎င်းတို့အဖွဲ့အတွင်းရောက်ရှိပါက ထွက်ခွင့်ဆိုတာ မရှိပါ။ လူသစ်စုခံထားရသော ရှမ်းလူမျိုးအများစုနှင့် အခြားလူမျိုးများအား တိုက်ပွဲများတွင် အသေခံတိုက်ခိုက်ခိုင်းလျက်ရှိပါသည်။ လစာ/ရိက္ခာ မရရှိပါ။

Post a Comment

Previous Post Next Post