USDP လှုပ်ရှားလာပြီ

Views


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး‌ရေးပါတီ၊ ပါတီဉက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် Russia United Party မှ ဦးစီးကျင်းပသည့် “For the Freedom of Nations Forum”ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့မှ (၁၇) နေ့အထိ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

-

ထိုအစည်းအဝေးသည် တောင်အမေရိက၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် ဉရောပဒေသများမှနိုင်ငံများ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ မြောက်ကိုရီးယား၊ အာဖရိကန်ယူနီယံအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံနိုင်ငံများဖြစ်သော လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံများမှ နိုင်ငံရေးပါတီအကြီးအကဲများအပါအဝင် နိုင်ငံပေါင်း (၆၀)ကျော်မှ ပါတီ အကြီးအကဲ(၆၀၀)ကျော်တက်ရောက်သည့် “International Inter Party Forum” ဖြစ်ကြောင်း သိရှိရပါသည်။

-

ဖွင့်ပွဲအခမ်းအနားတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်မှ Video Message ပေးပို့ခဲ့ပြီး United Russia Party ဉက္ကဋ္ဌ ဒီမီထရီမက်ဗီဒက်မှ တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ပါသည်။ ၎င်းဖိုရမ်တွင် နိုင်ငံအသီးသီးမှ ပါတီခေါင်းဆောင်များက ကဏ္ဍအလိုက် ခွဲခြားဆွေးနွေးခြင်း၊ စုဖွဲ့ဆွေးနွေးခြင်း၊ သုံးသပ်ခြင်း၊ သဘောထားမှတ်ချက်ပေးခြင်း၊ ကိုလိုနီလက်သစ်ဝါဒတိုက်ဖျက်ရေးအတွက် နိုင်ငံရေးပါတီများ ပူးပေါင်း ဆောင်ရွက်မည့် နည်းလမ်းများကို ပူးတွဲထုတ်ပြန်ချက် ထုတ်ပြန်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

-

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်အဖွဲ့သည် United Russia Party၊ တောင်အမေရိက၊ အာရှနှင့် အာဆီယံဒေသပါတီများအပါအဝင် နိုင်ငံ (၁၇)နိုင်ငံမှ (၁၇)ပါတီနဲ့ တွေ့ဆုံဆွေးနွေး အမြင်ချင်း ဖလှယ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း သိရှိရပါသည်။

Post a Comment

Previous Post Next Post