ဆူဟာတိုရဲ့ သားမက် Prabowo ဘာကြောင့် အာဏာရလာသလဲ

Views


ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲမှာ… အာဏာရှင်ဟောင်း ဆူဟာတိုရဲ့ သမက်ဖြစ်သူ အသက်၇၂နှစ်အရွယ်အငြိမ်းစားစစ်ဗိုလ်ချုပ်ကြီး Prabowo Subianto က အနိုင်ရ သွားပါတယ်…

-

သူဟာ ဒီသမ္မတရာထူးကိုရရှိဖို့အတွက် လက်ရှိသမ္မတ Joko Widodo နဲ့အပြိုင် ၃ ကြိမ်တိုင်တိုင် ကြိုးစားခဲ့တာပါ… ပထမနဲ့ ဒုတိယအကြိမ်တွေတုန်းက သူဟာ… ရက်စက်ကြမ်းကြုတ်တဲ့နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အာဏာရှင်ဆူဟာတိုရဲ့ သမက်ဖြစ်ရုံတင်မက… သူကိုယ်တိုင်လည်း ဆူဟာတိုကိုပံ့ပိုးပေးတဲ့ အထူးစစ်တပ်ဖွဲ့အကြီးအကဲတယောက်အနေနဲ့ အမြင်မတူသူတွေကို ဖမ်းဆီးခေါ်ဆောင်ရာမှာ… အစုလိုက် အပြုံလိုက်ရှင်းလင်းသတ်ဖြတ်ရာမှာ ပါဝင်ပတ်သက်ခဲ့သူ… လူ့အခွင့်အရေးချိုးဖောက်သူလို့ ရှု့မြင်သတ်မှတ် ခံထားရတဲ့အတွက် ရွေးကောက်ပွဲတွေရှုံးနိုမ့်ခဲ့ရပါတယ်…

-

အရည်အချင်းရှိလို့မဟုတ်ဘဲ အာဏာရှင်ရဲ့သမက်မို့လို့ အသိုင်းအဝိုင်းကြောင့်သာ နေရာကောင်းရလာတဲ့ သူလို့ သတ်မှတ်ထားတဲ့သူ့အစား … နောက်ခံ background ကင်းပြီး ကိုယ့်ဒူးကိုယ်ချွန်တက်လာတဲ့ အရပ်သားစီးပွားရေးသမား အဲ့ဒီအချိန်ကလူငယ်လေးဖြစ်တဲ့ လက်ရှိသမ္မတ Widodo ကို အကြိမ်ကြိမ် သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခဲ့ကြပါတယ်…

-

Widodo ရဲ့လက်ထက်မှာ အင်ဒိုနီးရှားနိုင်ငံဟာ တကယ်ပဲ တရားမျှတမှု့အသင့်အတင့်နဲ့ စီးပွားရေး တဟုန်ထိုးတိုးတက်လာခဲ့ပါတယ်… အနောက်နိုင်ငံတွေကလည်းအင်ဒိုနီးရှားနိုင်ငံကို ကမ္ဘာ့တတိယ အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးအဖြစ်သတ်မှတ်ချီးမြောက်ခဲ့ကြပါတယ်…

-

Widodo ဟာ အခုအကြိမ်ရွေးကောက်ပွဲမှာ ဥပဒေအရထပ်ပြီးရွေးကောက်ခံပိုင်ခွင့်မရှိတော့ပါဘူး… ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာသူအနိုင်ရဖို့အတွက် Prabowo Subianto ကိုပြစ်တင်ရှုံ့ချခဲ့ပေမယ့်… အခုအကြိမ်မှာတော့သူဟာ Prabowo Subianto အနိုင်ရဖို့အတွက်မဲဆွယ်စည်းရုံးပေးခဲ့ပါတယ်…

-

Prabowo Subianto အနိုင်ရခြင်းဟာ Widodo ရဲ့ပံ့ပိုးပေးမှု့ကြောင့်လည်းအများကြီးပါပါတယ်… ဘာကြောင့် Widodo ဟာ တချိန်က သူ့ပြိုင်ဘက်ကို မဲဆွယ်ပေးရတာလဲ?… သူတို့နှစ်ယောက်ကြားက နားလည်မှု့(သို့) အပေးအယူကဘာလဲ?…

-

အဖြေကတော့…

Joko Widodo ရဲ့သား Gibran ကို ဒု သမ္မတ နေရာပေးဖို့ပါပဲ… Prabowo Subianto ကသမ္မတ Widodo ရဲ့သား Gibran က ဒုသမ္မတဖြစ်လာမှာပါ… တကယ်တော့ Gibran ဟာ ဥပဒေအရ ဒုသမ္မတဖြစ်ဖို့ အသက်မမှီသေးပါဘူး… သူဟာ ဒီနှစ်အောက်တိုဘာလမှာမှ အသက် ၃၇ နှစ်ပြည့်မှာပါ… ဥပဒေအရ အသက်၄၀ပြည့်မှာသာ ဒုသမ္မတဖြစ်ခွင့်ရှိပါတယ်…

-

ဒါကို Widodo က အာဏာသုံးပြီး အသက်၄၀အစား ၃၅ နှစ်အဖြစ် ဥပဒေကို ပြောင်းလဲပြင်ဆင် ပြဋ္ဌါန်းခဲ့ပါတယ်… အဲ့လိုတွေ အာဏာရယူဖို့အတွက်စနစ်တကျပြင်ဆင်ပြီးတဲ့နောက်မှာတော့… အခုမကြာခင်မှာ… အသက် ၆၂ နှစ်အရွယ်သမ္မတဟောင်း Widodo က ဒုသမ္မတရဲ့ဖခင်နေရာ (နောက်ကဆက်ကြိုးကိုင်မယ်) သူ့သား Gibran က ဒုသမ္မတ အရင်က အာဏာရှင်လို့သတ်မှတ်ခံခဲ့ရသူ Prabowo Subianto က လည်း အသက်၇၂နှစ်မှာ သမ္မတဖြစ်… နောက်ဆုံးမှာတော့သူ့ဆန္ဒပြည့်… Win-Win ပဲ…

-

အင်ဒိုနီးရှားထိပ်တန်းမှာသူတို့ဟာသူတို့ဒီလိုနားလည်မှု့တွေ၊ အပေးအယူတွေ နဲ့ကြေနပ်နေကြပေမယ့်… အနောက်နိုင်ငံတွေဖက်ကတော့ အာဏာရှင်ဟောင်း လူ့အခွင့်အရေးတွေ ချိုးဖေါက်ထားသူအဖြစ် သတ်မှတ်ထားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဖြစ်လာမှာကို အမြင်မကြည်လင်ကြပါဘူး… မသတီစရာ ဗိုလ်ချုပ်ဟောင်းနိုင်ငံအကြီးအကဲတဲ့…

-

ဒီအာဏာရှင်ဗိုလ်ချုပ်ဟောင်းနဲ့ အာဏာကိုဖက်တွယ်အာဏာမက်တဲ့ Widodo တို့ အရပ်သား သားအဖနှစ်ယောက်ရဲ့အုပ်ချုပ်မှု့အောက်မှာ အင်ဒိုနီးရှားဟာ ဒီမိုကရေစီစနစ်ကနေ အာဏာရှင်စနစ်ကို ပြန်ရောက်သွားနိုင်တယ်လို့ ထင်ကြေးပေးနေကြပါတယ်…

-

တချိန်လုံးမြောက်စားခဲ့ကြတဲ့ ရွေးကောက်ခံ အရပ်သားဒီမိုကရေစီသမ္မတ Joko Widodo ကို "သမိုင်းကို လိုအပ်ရင်အသုံးချမယ်… မလိုရင်အတိတ်မှာထားခဲ့မယ်… သူ့တုန်းက မလိုတော့ ဒီ Prabowo ဟာ အာဏာရှင်၊ အခုသူ့သားအတွက်လိုတော့ ဒီလူအတွက် သမ္မတအဖြစ်မဲဆွယ်ပေးတယ်" …ဆိုပြီးဝေဖန် ရှုံ့ချနေကြတယ်…

-

ဒါပေမယ့်လည်း… ဒီရွေးကောက်ပွဲရလဒ်ကို အနောက်နိုင်ငံတွေက ဘယ်လိုဘဲဝေဖန်ဝေဖန်… အင်ဒိုနီးရှားနိုင်ငံရဲ့လူငယ်တွေကတော့… သူတို့ရွေးကောက်လိုက်တဲ့သမ္မတကိုယုံကြည်ကြတယ်… သူတို့တွေဟာ ၁၉၉၈ မှာ အဆုံးသတ်ခဲ့တဲ့အာဏာရှင်ဆူဟာတိုကိုလည်း မမှီခဲ့လို့ သူတို့ခေါင်းထဲမှာ မထားကြတော့ဘူး…

-

အတိတ်ကအတိတ်မှာ… အနာဂတ်အတွက်သူတို့ယုံကြည်ချက်နဲ့ အသံတွေက… "ရှေ့ကလူ ( Widodo) ရဲ့ အောင်မြင်တဲ့လမ်းစဉ်အတိုင်းဆက်လျှောက်ရင် စစ်ဗိုလ်ချုပ်ဟောင်းကိုလည်း ဘာကြောင့်မဲမပေးဘဲ နေရမှာလဲ" တဲ့… ဒါ့ကြောင့်လည်း Prabowo Subianto နိုင်သွားခဲ့တယ်…



Lwin Mar Aung Hilbrich

Post a Comment

Previous Post Next Post