PNO ပြည်သူ့စစ် ( ဌာနေ ) တပ်ဖွဲ့ဝင်များအား လက်နက်ထပ်မံတပ်ဆင်အပ်နှင်း

Views


အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ PNO အသွင်ပြောင်းပြည်သူ့စစ်( ဌာနေ ) တပ်ဖွဲ့ဝင်များအားလက်နက် တပ်ဆင်အပ်နှင်းသည့်အခမ်းအနားအား ယနေ့ နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုး၊ တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ တပ်ရင်း/တပ်ဖွဲ့မှူးများ၊ PNO အသွင်ပြောင်း ပြည်သူ့ စစ် ( ဌာနေ )တပ်ဖွဲ့ဝင်များ၊ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြောင်းသိရသည်။



ဦးစွာ ဒုတိယတိုင်းမှူးက အဖွင့်အမှာစကား ပြောကြားပြီး လက်နက်များ တပ်ဆင်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် PNO အသွင်ပြောင်း ပြည်သူ့စစ် ( ဌာနေ )တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်များအပ်နှင်းပေးခဲ့ကြောင်းသိရသည်။

Post a Comment

Previous Post Next Post