PNLO အကွဲအပြဲ နောက်ဆက်တွဲ

Views


ဆီဆိုင်မြို့မှာ ကယန်း၊ ပဒေါင် KNDF တွေနဲ့ပူးပေါင်းပြီး တိုက်ပွဲဝင်နေတဲ့ ခွန်သူရိန်ဦးစီး စစ်သွေးကြွ အဖွဲ့ကို ဘန်းမတ်ရွာက ရွာကော်မတီတွေ၊ ဘုန်းတော်ကြီးတွေနဲ့ ရပ်မိရပ်ဖတွေ စုပေါင်းကန့်ကွက် ဆန့်ကျင်ပြီး ဆီဆိုင်မြို့ကို ဆက်လက်တိုက်ခိုက်မှု မလုပ်ရန် ဖိအားပေး ပြောကြားလျက်ရှိကြောင်း သိရှိရ ပါတယ်။

-

ဆီဆိုင်မြို့အတွင်းရောက်ရှိနေတဲ့ KNDF တွေဟာ လူမနေတဲ့ ပအိုဝ်းအိမ်တွေထဲက အဖိုးတန်ပစ္စည်းတွေ၊ စားနပ်ရိက္ခာတွေနဲ့ စက်သုံးဆီဆိုင်တွေက ဒီဇယ်၊ ဓါတ်ဆီတွေကို ခိုးယူပြီး ‌4 wheel ကားတွေနဲ့ နောင်ထော်၊ ထီးစခါးမှတစ်ဆင့် လွိုင်ကော်ဘက်ကို ပြန်လည်သယ်ဆောင်နေသလို စကစအုပ်ချုပ်ရေး ယန္တရားဖြစ်ခဲ့တဲ့ ဌာနဆိုင်ရာအကြီးအကဲတွေရဲ့ နေအိမ်တွေ၊ ရုံးအဆောက်အဦးနဲ့ ဆီဆိုင်မြို့မဈေး တွေကို မီးရှို့ဖျက်ဆီးလို့ ဆီဆိုင်မြို့ပျက်စီးနေတာကြောင့် မြို့ခံပြည်သူများက KNDF အဖွဲ့နဲ့ သစ္စာဖောက် PNLO အဖွဲ့ဝင်တစ်ချို့အပေါ် နာကျည်းမုန်းတီးလျက်ရှိပါတယ်။

-

ဒါ့ကြောင့် KNDF နဲ့ ပူးပေါင်းနေတဲ့ PNLO အဖွဲ့ကို ဆက်လက်ပူးပေါင်းခြင်းမပြုရန်နဲ့ ဆက်ပြီး ပူးပေါင်းမယ်ဆိုရင် PNLO uniform မဝတ်ဘဲ PNDF (ခွန်မြင့်ထွန်းအဖွဲ့) uniform နဲ့သာ ဆက်လုပ်ဖို့နဲ့ ခွန်သူရိန်အဖွဲ့က စစ်သွေးကြွတွေကို ဒုဥက္ကဋ္ဌ ခွန်ထွန်းတင်အဖွဲ့ထံ ပြန်လည်ပူးပေါင်းဖို့ ရပ်မိရပ်ဖများက စည်းရုံးပြောဆိုနေကြောင်းသိရှိရပါတယ်။

1 Comments

  1. အကြမ်းဖက်တွေအမြန်ဆုံးကျရှုံးပါစေ

    ReplyDelete
Previous Post Next Post