PDF အကြမ်းဖက်တွေကို အသုံးချပြီး ကတိချိုးဖောက်နေတဲ့ TNLA အကြမ်းဖက်အဖွဲ့

Views

သောင်းကျန်းသူတစ်ယောက် တင်ထားတဲ့သတင်းတစ်ပုဒ်မှာ တပ်မတော်ကပဲ ကတိတွေချိုးဖောက်ပြီး သောင်းကျန်းသူတွေကို လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ တိုက်ခိုက်နေပါတယ်ဆိုပြီး ရေးသားလာမှုကိုတွေ့ရပါတယ်။





ပြောချင်တာက နောင်ချို နယ်စပ်ဝန်းကျင်မှာ ယခုလက်ရှိလှုပ်ရှားအကြမ်းဖက်နေတာ ဘယ်သူတွေလဲ?

တကယ့်တကယ်တမ်း အဲ့ဒီနေရာမှာလှုပ်ရှားနေတာတွေက မင်းတို့ TNLA နဲ့ မွေးစားသား မန္တလေးပဒက်တွေ ဖြစ်ပါတယ်။




ပဒက်တွေကိုအလုံးစုံမြှောက်ပေးပြီးတော့ နောင်ချိုပတ်ဝန်းကျင်ကို အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ရန် အတွက် မန္တလေးပဒက်တွေကို တာဝန်ပေးထားတယ်ဆိုတာ အားလုံးအသိပါ။



မင်းတို့ပြောတဲ့ အပစ်ရပ်တယ်ဆိုတဲ့အထဲမှာ ပဒက်တွေမပါတာသိတော့ ကတိတွေကို မလှိမ့်တပတ်နဲ့ ချိုးဖောက်ပြီး ပဒက်တွေကိုရှေ့တင်၊ တိုက်ကွက်ဖော်နေတာ မင်းတို့ TNLA တွေလေ။ တပ်မတော်က လက်ရှိတိုက်ခိုက်နေတာ နယ်ကျွံပြီး လှုပ်ရှားနေတဲ့ ပဒက်တွေကို ကောင်းကောင်းကြီး သမနေတာ။ မင်းတို့ TNLA တွေအနေနဲ့ ပဒက်ကိုရှေ့တင်ပြီး မင်းတို့ နောက်ပိတ်နဲ့ ဆက်ပြီး ပူးပေါင်း လှုပ်ရှားနေမယ်ဆိုရင်တော့ မင်းတို့လည်း ပဲလှော်ကြားဆားညပ်သလို ချေမှုန်းခံရမှာပဲ။




အညာသားပဒက်တွေကိုပြောချင်တာကတော့ ဆက်ပြီး “အ” နေဦးမှာလား? TNLA ဆိုတာ သူတို့ရည်မှန်းချက်ပြီးရင် သူတို့နေရာပြန်ကြမှာပဲလေ… ဆိုတော့ မင်းတို့ အညာပဒက်တွေပဲ ဝေ့လည်ကြောင်ပတ်နဲ့ ကျန်ခဲ့ပြီး ချေမှုန်းခံရမှာပါပဲ။ တပ်မတော်ကတော့ ဖျက်ရန်ဟူသမျှချေမှုန်းကြ ဆိုတဲ့အတိုင်းပဲ နိုင်ငံတော်ရဲ့ အဖျက်အဆီးသောင်းကျန်းသူမှန်သမျှကို ချေမှုန်းသွားမှာပဲ။

Post a Comment

Previous Post Next Post