မူဆယ် ၁၀၅ မိုင်မှာ MNDAA က ‌ပြည်သူတစ်ဦးကို သေလုမျောပါး ရိုက်နှက်

Views


တရုတ် - မြန်မာ နယ်စပ်၊ နယ်စပ် ကုန်သွယ်ရေးဇုန် ရှိရာ မူဆယ် ၁၀၅ မိုင်မှာ MNDAA အဖွဲ့က ‌ဒေသခံ ပြည်သူ ၁ ဦးကို သေလုမျောပါး ရိုက်နှက် ထားကြောင်း နယ်စပ် ဒေသခံ တွေဆီက သိရပါတယ်။
-
"လက်ချောင်း သုံးချောင်း ကျိုး သွားတယ်။ တကိုယ်လုံး ညိုမဲနေတာပဲ။ သူက ရွှေလီ ဆေးရုံ ရောက်လာတယ်။ သူနဲ့ အတူ တခြား ကွမ်းယာရောင်း၊ ဈေးရောင်းတဲ့ သူတွေ၊ အလုပ်သမားတွေ ၁၀ ယောက်လောက်လည်း ရိုက်နှက်ခံရတယ် ပြောတယ်။ ကိုးကန့် စစ်တပ်ထဲ ခေါ်သွားပြီးတော့ စစ်သား တစ်ယောက်ကို သုံးချက်စီ ရိုက်ခိုင်းတာတဲ့။ တချို့ကတော့ မရိုက်ရဲဘူးလေ သိနေတော့" လို့ နယ်စပ် ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
-


MNDAA အဖွဲ့က သူ့ အိမ်မှာ လက်နက်ရှိတယ် ဆိုတဲ့ စွပ်စွဲ ချက်နဲ့ ဖမ်းခေ့် ရိာက်နှက် နှိပ်စက်ခဲ့ပြီး သူ့နေအိမ်မှာ ရှာဖွေကြည့်ပေမယ့် တကယ်တမ်း ခေါင်းအုံးအောက်မှာ ဖုန်းတစ်လုံးနဲ့ ဓားတို တစ်လက်သာ တွေ့ခဲ့တယ်လို့ ပြောပါတယ်။
-
"သူ တစ်ယောက်တည်း မဟုတ်ဘူး။ ဖမ်းဆီး ရိုက်နှက်ခံရတာ အများကြီး လို့ပြောတယ်။ ကျနော်လည်း ချိတ်ဆက်လို့ မရသေးလို့ အသေးစိတ် မသိသေးဘူး ဖြစ်နေတယ်။ ‌ရွှေလီဆေးရုံ ရောက်လာတာတော့ သူ တစ်ယောက်တည်းပဲ။ သူပဲ ဒဏ်ရာအဆိုးဆုံးပဲ ထင်တယ်" လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
-
ယမန်နေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ကလည်း မုံးကိုးမြို့မှာ တစ်အိမ်တက် တစ်အိမ်ဆင်း လက်နက် ရှိမရှိ စစ်ဆေးတာရှိပြီး တွေ့ရှိတယ်လို့လည်း မကြားရဘူးလို့ မုံးကိုးဒေသခံ တစ်ဦးက ပြောပါတယ်။
-
ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ပန်ဆိုင်းမြို့က ဒေသခံတွေကို အစည်းအဝေးတွေမှာနဲ့ ကိုးကန့်တပ်ဖွဲ့တွေရဲ့ သွားလာလှုပ်ရှားမှုတွေကို ဓာတ်ပုံ ရိုက်ပြီး အွန်လိုင်းပေါ် မတင်ရန်၊ KIA နဲ့ SSPP တပ်သား‌ေတွကို စစ်ဝတ်စုံနဲ့ လက်နက်ကိုင်ဆောင်လာပါက မြို့ထဲ ပေးမဝင်ရန်၊ မိမိနေအိမ်မှာ လက်နက်ရှိထားပါက MNDAA အဖွံ ဆီ အမြန်ဆုံး အပ်နှံရန်၊ တစ်အိမ်တစ်ယောက် MNDAA မှာ စစ်မှုထမ်းရန်၊ မြို့အဝင်အထွက် နဲ့ အုပ်ချုပ်ရေးရုံးတွေမှာ ကင်းစောင့်ပေးရန် အစည်းဝေးခေါ် ပြောကြားထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

#Crd

1 Comments

Previous Post Next Post