Views
(16-2-2024) ရက်နေ့ ည ၇ နာရီခန့်မှာ မံစီမြို့၊ ပြင်ဦးလွင်ရပ်ကွက်ရှိ MC အအေးနှင့်အကင်ဆိုင်တွင် စားသောက်နေသည့် လူငယ် ၆ ဦးတို့အား KIA အကြမ်းဖက်သကသအဖွဲ့မှ လူသစ်စုဆောင်းရန်အတွက် Pajero ကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ထို့အတူ အခြားကား ၂ စီးဖြင့် မံစီမြို့၊ မောရဝတီရပ်ကွက်၊ ရီဟူနှင့် မံခံကျေးရွာများအတွင်း လိုက်လံ၍ လူငယ် ၃၀ ဦးခန့်အား လူသစ်စုဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
-
အလားတူ (17-2-2024)ရက်နေ့ ညနေ ၆ နာရီကျော်ခန့်မှာ မံစီမြို့၊ မြို့မဘုန်းကြီးကျောင်းတွင် လူငယ် ၁၅ ဦးခန့်အား KIA အကြမ်းဖက်သကသအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
-
(18-2-2024)ရက်နေ့ ညနေ ၅ ခန့်မှာ မံစီမြို့၊ ကံဦးဘုန်းကြီးကျောင်းတွင်လည်း လူငယ် ၁၀ ဦးခန့်အား လည်းကောင်း၊ အလားတူ ညနေ ၀၅၃၀ နာရီခန့်မှာ မံစီမြို့၊ မြို့နယ်ဥပဒေရုံး၊ ရုံးစောင့်တာဝန် ထမ်းဆောင်လျက်ရှိသည့် ဦးယော်ထုံအား ဘုရားကျောင်းတက်ပြီး တာဝန်ကျရာရုံးသို့ ပြန်လာစဉ် လမ်း၌ KIA အကြမ်းဖက်သကသအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရပါတယ်။
-
(20-2-2024)ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်မှာ မံစီမြို့၊ KBC နှစ်ခြင်းဘုရားရှိခိုးကျောင်းတွင် အမည်(စုံစမ်းဆဲ) လူ ၁ ဦးအား KIA အကြမ်းဖက်သကသအဖွဲ့မှ လူသစ်ဆွဲသွားခဲ့ပါတယ်။
-
(27-2-2024)ရက်နေ့ ည ၁၀ နာရီခန့်တွင်လည်း မံစီမြို့၊ ပြင်ဦးလွင်ရပ်ကွက်တွင် နေထိုင်လျက်ရှိသော လဝက(မံစီ)မှ ဒုလဝကမှူး တာဝန်ထမ်းဆောင်နေသူ ဦးဇော်ရှောင်အား KIA အကြမ်းဖက်သကသ ၄ ဦးခန့်မှ ထပ်မံဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရှိရ။