ဆက်ကြေးမပေးလို့ ပြည်သူကိုဗုံးခွဲသတ်တဲ့ KIA အကြမ်းဖက်အဖွဲ့

Views







၇-၂-၂၀၂၄ ရက်နေ့ ညနေ ၄ နာရီခွဲ့ခန့်က

လားရှိုးမြို့ SANN SHWIN HOTEL

(စန်းရွှင်ဟိုတယ်) ရှိ လုံခြုံရေးဝန်ထမ်းကို

အကြမ်းဖက်သမား ၂ ဦး မှ

ဟိုတယ်တွင် တည်းခိုနေသည့်

ဧည့်သည်အတွက်ဟု ပြောကာ

လိမ္မော်သီးခြင်း ၁ ခြင်းအားပေးခဲ့ပါတယ်။

လုံခြုံရေးဝန်ထမ်းမှ လိမ္မော်သီးခြင်းပေးရမည့်

ဧည့်သည်အမည်အားမေးမြန်းရာ

ဧည့်သည်အမည်အားမပြောဘဲ

ဆိုင်ကယ်အား မောင်းနှင်ထွက်ပြေးသွားပါတယ်။

ဒီလိုထွက်ပြေးသွားတဲ့ အတွက်လုံခြုံရေးဝန်ထမ်းမှ

လိမ္မော်သီးခြင်းအား ဟိုတယ်ရှေ့တွင်ပစ်ချထားခဲ့ပြီး

ထွက်ပြေးသွားတဲ့ လူနှစ်ယောက်အား

လိုက်ဖမ်းဆီးချိန် ဟိုတယ်ရှေ့တွင် ထားခဲ့သည့်

လိမ္မော်သီးခြင်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် ဟိုတယ်ရှေ့တွင်ရပ်တန့်ထားသည့်

ဆိုင်ကယ် ၁ စီး မီးလောင် ပျက်စီးခဲ့ပြီး

ဟိုတယ်အနီးတွင် သွားလာလျက်ရှိသည့်

ပြည်သူနှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။




ဗုံးပေါက်ကွဲ ဖြစ်စဉ်နှင့်ပတ်သက်ပြီး

စိစစ်ရာ KIO/KIA အကြမ်းဖက်အဖွဲ့မှ

၃-၂-၂၀၂၄ ရက်နေ့တွင် စန်းရွှင်ဟိုတယ်ပိုင်ရှင်အား

“ဆက်ကြေးပေးရန်နှင့် ဆက်ကြေးမပေးပါက

ပြင်းထန်စွာအရေးယူမည်”ဟု ခြိမ်းခြောက်သည့်

စာတစ်စောင်ပို့ခဲ့ပါတယ်။




ပြည်သူများရဲ့သမာအာဇီဝဖြင့်ရှာထားတဲ့ငွေကို

အလွယ်တကူသေနတ်ပြခြိမ်းခြောက်တောင်းယူတဲ့

KIA အကြမ်းဖက်အဖွဲ့များ ကျဆုံးပါစေ။


Post a Comment

Previous Post Next Post