မြန်မာနိုင်ငံအပေါ်က ပလူတို Effect

Views


ပလူတိုကို အထင်သေးကြတယ်

-

ပလူတိုက အလုပ် (၅) ခုကို ပြီးအောင် လုပ်လေ့ရှိတယ်၊ ရှေ့ပိုင်းကြမ်းတယ်။ နောက်ပိုင်း ချိုမြိန်တယ်၊ မျက်နှာမလိုက်ဘူး။ တီးစရာရှိတဲ့သူကို အပြတ်တီးတတ်သလို ပေးစရာရှိတဲ့သူကိုလဲ အပြတ်ပေးတတ်တယ်။

- Termination ( ရှိဆဲ အခြေအနေတခုကို အဆုံးသတ်ခြင်း )

- Destruction ( ဖျက်ဆီးဖြိုချခြင်း )

- Dissolving ( ဥဿုံ ပျက်စီးစေခြင်း )

- Reconstruction ( ပြန်လည်တည်ဆောက်ခြင်း )

- Revitalization ( အသစ်တဖန် ဖွံ့ဖြိုးစေခြင်း )

ဒီနေ့ မြန်မာဟာ ပလူတိုအမြင်ရဲ့ အကျိုးအောက်မှာပါ၊

-

Stage (2) ကိုဖြတ်သန်းနေရဆဲ ကာလလို့ သတ်မှတ်နိုင်ပါလိမ့်မယ်၊ Valley of the death ဆိုတဲ့ သေမင်းတောင်ကြားကိုဖြတ်သန်းနေရတဲ့ အချိန်လို့လဲ ပြောရင် ရတယ်၊

-

Dissolving stage ကိုမကြာခင်မှာ ကူးပါလိမ့်မယ်၊ ဒီ Stage ကမကြာပါဘူး၊ အုပ်ချုပ်သူတွေအားလုံး တတိယအဆင့်ပြီးလို့ 4th stage ဖြစ်တဲ့ Reconstruction အဆင့်မှာ အလွန့်အလွန် ပင်ပန်းကြပါလိမ့်မယ်၊ ဘယ်လောက်အထိပင်ပန်းကြမလဲဆိုရင် လွတ်လပ်ရေးရပြီးနောက်ပိုင်း အပင်ပန်းဆုံးအချိန်၊ သမိုင်းတွင် အပင်ပန်းဆုံး မှတ်တမ်းဝင်အထိကို ပင်ပန်းကြမှာပါ၊ ကဏ္ဏစုံမှာ လူတော်တွေကိုရွေးခြယ်နိုင်ရင် Recovery မြန်မြန်ရကြပါ့မယ်၊

-

2025 ပထမ (၄) လထဲလောက်မှာတော့ မြန်မာနိုင်ငံ လမ်းကြောင်းပေါ်မှာပြန်ရောက်ပြီဆိုတာကို ပြည်သူတွေရော၊ ကမ္ဘာကပါ အသိအမှတ် ပြုရတဲ့အဆင့်ကို စပြီးဝင်ရောက်မယ်လို့ ပြောနိုင်ပါ့မယ်၊ အသီးအပွင့်ကိုတော့ Oct- 25 လောက်မှာ စတင်ခံစားရပြီး၊ (၁၅) နှစ်လောက်အတွင်း အာဆီယံရော၊ ကမ္ဘာကပါ အသွားအပြန် ခလုပ်မတိုက်ရဲတော့တဲ့ နိုင်ငံတခု ဖြစ်လာပါလိမ့်မယ်၊

-

လောလောဆယ် တာရာတွေကြမ်းနေချိန်ဖြစ်လို့ အနိဌာရုံတွေ၊ မချိမရဲဖြစ်မှုတွေကို 'လ' အနည်းငယ် လောက်တော့ သီးခံပေးကြပါဦး၊ ကြွက်ဖေါက်ရာ ဗလပွနဲ့ သောင်းကျန်းချင်တိုင်း သောင်းကျန်းနေကြတဲ့ ကြွက်တွေ ခေါင်းမဖေါ်နိုင်တဲ့ အခြေအနေတခုကို ရောက်လာပါလိမ့်မယ်၊

-

" ဟိတ်... ဆိုဟိတ်

တိတ်... ဆိုတိတ် "

.... ဖြစ်လာမဲ့ ကာလကို လက်ချိုးရေတွက်

ခဏတော့ စောင့်ကြပါစို့၊

Dr.NZL

1 Comments

  1. ဖုန်းဘေလ်ရသွားပါပြီခင်ဗျာ
    ကျေးဇူးများကြီးတင်ပါတယ်
    ၀၉၆၇၈၃၈၈၇၂၄

    ReplyDelete
Previous Post Next Post