ကုလားတန်မြစ်ပေါ်က သွေးပျက်ဖွယ် အော်ဟစ် ငိုငြီးသံများ

Views


ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီးမြစ်အတွင်း ပြီးခဲ့တဲ့ ၈-၂-၂၀၂၄ ရက်နေ့မှာ AA အဖွဲ့ဟာ စစ်တပ်ရဲ့ လူသယ်ဇက်ရေယာဉ် ၃ စီးကို ပစ်ခတ်နစ်မြှုပ်ခဲ့ပြီး ဒါဟာ AA ရဲ့ သမိုင်းဝင်အောင်ပွဲနေ့အဖြစ် ဗွီဒီယို၊ ဓာတ်ပုံမှတ််တမ်းတွေနဲ့ ဝေဝေဆာဆာထုတ်ပြလာခဲ့တာ တွေ့ရတယ်။

-

တိုက်ပွဲရဲ့ရှုထောင့်ကကြည့်ရင် AA အဖွဲ့အနေနဲ့ တစ်ဖက်ရန်သူဖြစ်တဲ့ စစ်တပ်ပိုင်ရေယာဉ်တွေကို ပစ်ခတ် နှစ်မြှုပ်နိုင်ခဲ့တာဟာ စစ်ရေးအရ ကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်တယ်ဆိုတာ ငြင်းမရတဲ့ ပကတိအရှိတရား တစ်ခုဖြစ်ပါတယ်။

-

တိုက်ပွဲဖြစ်စဉ်တိုင်းကို လေ့လာသုံးသပ်ကြည့်ရင် တိုက်ပွဲတစ်ခုမှာ နိုင်ခြေမရှိတော့ရင် ဆုတ်ခွာကြတာ စစ်ပွဲရဲ့ သီအိုရီအစိတ်အပိုင်းတစ်ခုဖြစ်တယ်။

-

ကျောက်တော်ဖြစ်စဉ်ဟာ ရှေ့တန်းစခန်းမဟုတ်ဘဲ နောက်တန်းဌာနချုပ်ဖြစ်နေတာကြောင့် စစ်တပ်ရဲ့ သဘောသဘာဝအရ မိသားစုတွေပါ လိုက်ပါနေထိုင်ကြလို့ အဲ့ဒီတပ်‌တွေမှာ စစ်သားအင်အားရဲ့ ၃ ဆလောက်က မိသားစုဝင် အဖိုး၊ အဖွား၊ မိန်းမနဲ့ ကလေးတွေ ဖြစ်တယ်။

-

ကျောက်တော်တိုက်ပွဲမှာ အရေးနိမ့်နိုင်တယ်လို့ ခေါင်းဆောင်ဖြစ်သူက ဆုံးဖြတ်ခဲ့ပြီး အရင်ဦးဆုံး စစ်ရေးပစ်မှတ်မဟုတ်တဲ့ မိသားစုဝင်တွေကို စစ်ပွဲနဲ့လွတ်ရာ ဘေးကင်းနေရာကို ရေယာဉ်နဲ့ ရွှေ့ပြောင်းခဲ့တာတွေ့ရတယ်။

-

AA ကျင့်သုံးခဲ့တဲ့နည်းဗျူဟာကလည်း ရိုရိုးရှင်းရှင်းပါပဲ။ ရေယာဉ်လာတဲ့ မြစ်ကြောင်းမှာ ကျားပိုက်ချထားတယ်။ ဘေးနံနှစ်ဖက်ကနေ RPG၊ ရှော့တိုက်ဒုံးတွေနဲ့ပစ်တယ်။ အဓိက က Drone သုံးပြီး ဗုံးချတိုက်ခိုက်ခဲ့တယ်။

-

ဒီနေရာမှ တစ်ခုသတိထားမိတာက ဇက်စစ်ရေယာဉ်တွေဟာ လူနဲ့ပစ္စည်းသယ်ယူပို့ဆောင်ရေးအတွက် အဓိက တည်ဆောက်ထားတာကြောင့် ဝမ်းဗိုက်ကျယ်ပြီး အမိုးတပ်ဆင်ထားခြင်း မရှိဘူး။ AA အဖွဲ့က ထုတ်ပြန်ခဲ့တဲ့ ဓါတ်ပုံတွေမှာလည်း စာဖတ်သူတွေ မြင်တွေ့ရမှာပါ။ Drone နဲ့ ဗုံးတပ်ချချိန်မှာ Drone မှာပါတဲ့ Camera ဟာ ရေယာဉ်ဝမ်းဗိုက်မှာ လိုက်ပါလာတဲ့ အင်္ကျီရောင်စုံဝတ်ထားတဲ့ မိန်းမတွေ၊ ကလေးတွေကို မမြင်နိုင်စရာ အကြောင်းမရှိတာ သေချာတယ်။ ဒါက တစ်ချက်။

-

နောက်တစ်ချက်က AA ဖက်က တင်လာတဲ့ Video Click ကိုကြည့်ရင် သင်္ဘောမီးလောင်ပြီး မီးခိုးလုံးတွေ အူနေတဲ့အချိန်မှာ သင်္ဘောပေါ်ကနေ "ကလေးတွေ ပါတယ်" လို့ တဆာဆာအော်ဟစ်နေသံတွေကို အဲ့ဒီ Video Click ကို ကြည့်မိသူတိုင်း ကြားနိုင်တွေ့နိုင်ပါတယ်။

-

စစ်ဘက်နဲ့မသက်ဆိုင်တဲ့ ရာနဲ့ချီတဲ့ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တွေကို အစုလိုက် tတ်ပြစ်ခဲ့တဲ့ ၈-၂-၂၀၂၄ ရက်နေ့ကို AA ဖက်က သမိုင်းဝင်နေ့အဖြစ် ဂုဏ်ယူစွာနဲ့ Online Media တွေမှာ ဗွီဒီယို၊ ဓာတ်ပုံတွေနဲ့ ဝေဝေဆာဆာ မှတ်တမ်းတင်ဖော်ပြခဲ့တယ်။

-

အလားတူပဲ စစ်ရေးပစ်မှတ်မဟုတ်ဘဲ လက်နက်ကိုင်‌ဆောင်ထားခြင်းမရှိတဲ့ အပြစ်မဲ့ပြည်သူ‌တွေ ရာနဲ့ချီပြီး သေဆုံးခဲ့သူတွေအပါအဝင် သူတို့နဲ့သက်ဆိုင်သူ‌တွေနဲ့ စစ်ဘက်အသိုင်းအဝိုင်းအားလုံးအတွက်လည်း အဲ့ဒီနေ့ဟာ သမိုင်းဝင်နေ့ တစ်နေ့ပါပဲ။

-

ဒီနေရာမှာ လွန်ခဲ့တဲ့ ၂ လလောက်က KIA ဒုခေါင်းဆောင် ဆွမ်လွတ် ဂွမ်မော် ပြောခဲ့တဲ့စကားကို ငှားသုံးရရင် " ခွင့်မလွတ်နိုင်တဲ့အမှားမျိုးကို AA အဖွဲ့ ကျူးလွန်ခဲ့ပြီ" ဖြစ်ပါတယ်။

-

(စကားချပ်။ ဒီဖြစ်စဉ်ဟာ မြန်မာနိုင်ငံတစ်ဝန်းလုံးထိ ရိုက်ခတ်သွားခဲ့ချိန်မှာ AA အဖွဲ့အနေနဲ့ လူ ၃/၄ ယောက်လောက်ကို ကယ်တင်နေတဲ့ Video Click တစ်ခုကို ဖန်တီးပြီး ပြန်တင်ခဲ့တာတွေ့ရတယ်။ နောက်ထပ်လည်း အဖိုးအဖွား၊ ကိုယ်၀န်ဆောင်မိခင်၊ ကျောင်းသားကျောင်းသူ၊ ကလေးငယ်လေးတွေ ရာနဲ့ချီ အစုလိုက် tတ် ဖြတ်ခဲ့တဲ့ ကိစ္စကို ဖုံးကွယ်ဖို့ video နဲ့ ဓါတ်ပုံမှတ်တမ်းအတုတွေ ဖန်တီးနေတယ်လို့ သိရပြီးမကြာခင် online ကနေထုတ်ပြန်လာနိုင်ဖွယ်ရှိပါတယ်။ ဒါဟာ ဆင်သေကောင်ကို ဆိတ်သားရေနဲ့ ဖုံးသလို ဖြစ်နေတယ်လို့ သုံးသပ်မိပါတယ်)။




Crd.

2 Comments

  1. တသက်မကျေ ဘူး အဲဒီAAကို

    ReplyDelete
  2. တူသောအကျိုးပြန်ခံစားရရမှာပါ AA 😡

    ReplyDelete
Previous Post Next Post