ထမိန်ခြုံရင်း လိပ်ပြာလုံကြပါစေပေါ့

Views



သတင်းတွေအရတော့ ဖြစ်စဉ်က နိုဝင်ဘာလ ၇ ရက်နေ့တုန်းက ဖြစ်စဉ်လို့ ရေးနေတာ တွေ့ရတယ်။ ဖြစ်စဉ်ပါအရတော့ ယောဒေသ မြောက်ခင်ရန်းရွာကို PDF တပ်ပေါင်းစုက သွားပြီး တိုက်ခိုက်ရင်းနဲ့ YDF ရဲ့ ရဲဘော် ၂ ယောက်အဖမ်းခံရတယ်လို့ တွေ့ရတယ်။ သတင်းမှန်/ မမှန်တော့ ဘယ်သူမှ သေချာမသိနိုင်ဘူး။ တစ်ဖက်နဲ့ တစ်ဖက် အမုန်းအာဃတတွေနဲ့ သတ်ဖြတ်နေချိန်မျိုးမှာ ဒီလို ဆိုးဆိုးဝါးဝါး လူသတ်မှု ဖြစ်နေတာ အထူးအဆန်းကြီးမှ မဟုတ်တာပဲ။ ဒီဖြစ်စဉ်မတိုင်ခင် ဆောမြို့မှာရှိတဲ့ ဇေယျရပ်ကွက်မှာ ၁၃ နှစ်အရွယ်ရှိတဲ့ မိန်းကလေး အပါအဝင် မိသားစု (၆)ဦးကို YDF တွေက သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်က ပြီးခဲ့တဲ့နှစ် ဩဂုတ်လ ၂၂ ရက်မှာ ဖြစ်ခဲ့သေးတာပဲ။ ကိုယ်တွေက လူသတ်မှုကို အားပေးတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အံ့ဩစရာကောင်းတာက YDF ရဲ့ ဒီဖြစ်စဉ် ဖြစ်လာမှ “မင်းတို့က လူမဆန်ဘူး”၊ “လုပ်ရပ်တယ်တို့”၊ “ဒီလို ရက်စက်မှုတွေကို ကမ္ဘာကသိအောင်၊ ကုလသမဂ္ဂက သိအောင် တိုင်ပြောရမယ်” ဆိုတဲ့ စကားမျိုး ပြောထွက်တာကတော့ ရီစရာလည်းကောင်းသလို အော်ဂလီ ဆန်ဖို့ သိပ်ကောင်းတာ လည်း တွေ့ရတယ်။

-----

တကယ်တော့ ယောဒေသဖြစ်တဲ့ ဂန့်ဂေါတစ်ဝိုက်မှာ LPDF တွေက ရဲစခန်းတွေကို တိုက်ခိုက်နေတာ၊ အထူးသဖြင့် PDF တွေ မကြီးစိုးနိုင်အောင် ကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ ပြင်ဆင်ထားတဲ့ တပ်မတော်ထောက်ခံ၊ တနည်းအားဖြင့် USDP ထောက်ခံအားပေးတဲ့ ကျေးရွာတွေနဲ့ တစ်ဖက်နဲ့တဖက် အားပြိုင်တိုက်ခိုက်နေတာ ရက်/လ အားဖြင့်ဆိုရင် အတော်လေး ကြာခဲ့ပြီပဲ။ PDF တွေ ကို တွန်းလှန်နိုင်ဖို့ ဘုလတ် (ဦး)လှဆွေ ကိုယ်တိုင် လက်နက်တွေ တပ်ဆင်ပေးဖို့ ပြောနေတာ အကြိမ်တစ်ရာတောင် မ “က”လောက်တော့ ဘူး။ LPDF တွေ အားကောင်းလာလို့ မြောက်ခင်ရန်းနဲ့ တောင်ခင်ရန်းမှာ ရှိတဲ့ ရဲစခန်းတွေ အတိုက်ခံရတာ၊ ကျေးရွာတွေ ဖျက်ဆီးခံရတာလည်း Khit Thit တို့မှာ ဝမ်းသာအားရ ဖော်ပြနေတာလည်း ကြာလှပြီပဲ။

----


ပြောချင်တာက အဲဒီဒေသမှာ ကလေးမြို့က နေ ပြန်လာတဲ့ ထွေအုပ်ဝန်ထမ်းတွေ ပါတဲ့ ဘင်ကားတစ်စီးလုံးကို (မိန်းကလေးတွေ အပါအဝင် ၇ ယောက်) အရှင်လတ်လတ် မီးလောင် တိုက်သွင်းပြီး သတ်ဖြတ်တုန်းက ဝမ်းသာအားရ ထောက်ခံခဲ့ပြီးမှ၊ မုံရွာမှာ ကိုယ်ဝန် ဆောင်ထားတဲ့ အမျိုးသမီးကို သတ်ဖြတ်ခဲ့ကြတုန်းက( ကလေးအပါ ဆို နှစ်သက်နော်) ၊ ဆောမှာ တစ်အိမ်လုံးကို LPDF က သတ်ဖြတ်ပြီး ပိုင်ဆိုင်မှုဖြစ်တဲ့ ကားတွေ၊ ပိုက်ဆံတွေ ယူသွားတဲ့ ဖြစ်စဉ် တစ်ခုလုံးကို ခုချိန်ထိ ရူးချင်ယောင် ဆောင်နေကြတဲ့ နီပေါ အသိုင်းအဝိုင်းက......။ ခု ဖြစ်စဉ်ကြမှ လူသတ်မှုက ကြီးတယ်ထင်တယ်။ ကိုယ်ခံရမှ လူမဆန်ဘူးထင်တယ်ဆိုတဲ့ နီပေါ အသိုင်းအဝိုင်းတစ်ခု လုံးကို ကိုယ်ကတော့ ပြုံးပြုံးလေး ပဲ ကြည့်ပြီး ရီချင်နေမိတော့တာပဲ။

----

စကားမစပ်..... ယင်းမာပင်က အောင်ကြည်ညွှန့်သမက်ပါတဲ့ PDF အချင်းချင်း အယောက် (၂၀)ကျော် သတ်တဲ့ ဖြစ်စဉ်တွေ၊ မုံရွာက ဗိုက်ကြီးသည်ကို သတ်တဲ့ ဖြစ်စဉ်တွေမှာ ကျူးလွန်သူ တရားခံတွေ မိထားတာတောင် ဘာများဆက်ဖြစ်လာကြသေးလို့လဲ။





(နရီမိုး)

Post a Comment

Previous Post Next Post